ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
တမန်တော်ဝတ္ထု 20:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့စည်းဝေးကြသည့် အပေါ်ထပ်အခန်းတွင် ဆီမီးခွက်များစွာရှိ၏။ Common Language Bible ကျွန်ုပ်တို့စုဝေးရာအထက်ခန်းတွင်ထွန်းညှိ ထားသောမီးခွက်အမြောက်အမြားရှိ၏။- Judson Bible စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့စုဝေးရာအထက်ခန်းတွင် မီးခွက်အမြောက်အမြားထွန်းထား၏။ |
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။
ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
ဥတုခုဟု ခေါ်သော လူငယ်တစ်ယောက်သည် ပေါလုကြာရှည်စွာဟောပြောနေစဉ် ပြတင်းပေါက်ပေါ်တွင်ထိုင်ကာ အလွန်အိပ်ငိုက်လျက်နေ၏။ ထိုသူသည် အိပ်ပျော်သွားကာ သုံးလွှာအထပ်မှ အောက်သို့ ပြုတ်ကျသဖြင့် သူ့အား ပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို သိကြ၏။