တမန်တော်ဝတ္ထု 2:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။ Common Language Bible ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။ Garrad Bible ထို သူ တို့ ကြား ကြ သော် စိတ် နာ ကျင်၍ ပေ တ ရု နှင့် အ ခြား တ မန် တော် တို့ အား ညီ အစ် ကို တို့ မည် သို့ ပြု ရ ပါ အံ့ နည်း ဟု မေး ကြ ရာ၊ Judson Bible ထိုသူတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။ |
အခွန်ကောက်သူတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာ၍ “ဆရာ… ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်ရမည်နည်း” ဟု မေးကြ၏။
ရောမစစ်သားများကလည်း “ကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။ ယောဟန်က “မည်သူ့ထံမျှ ငွေကို ခြိမ်းခြောက်၍ မတောင်းယူနှင့်။ သူတစ်ပါးကို မတရားမစွပ်စွဲနှင့်။ မိမိရသောလစာနှင့် ရောင့်ရဲကြလော့” ဟု ဆို၏။
ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ကျွန်ုပ်က ‘အရှင်… အကျွန်ုပ်မည်သို့ပြုရပါမည်နည်း’ ဟု မေးလျှင် သခင်ဘုရားက ‘ထ၍ ဒမတ်စကပ်မြို့သို့ သွားလော့။ ထိုမြို့တွင် သင်ဆောင်ရွက်ရန် စီမံထားသောအရာများကို သင့်အား ပြောပြလိမ့်မည်’ ဟု မိန့်တော်မူ၏။
သူတို့သည် ဤစကားကို ကြားသောအခါ ဒေါသထွက်၍ တမန်တော်များကို သတ်ရန်ဆုံးဖြတ်ကြ၏။
ထိုသို့ ပြောဆိုသည်ကို ဂျူးခေါင်းဆောင်များ ကြားလျှင် သတေဖန်အား ဒေါသထွက်၍ အံကြိတ်ကြလေ၏။
တစ်ချိန်က ကျွန်ုပ်သည် ပညတ်တရားကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ကို သိရှိလာသည်နှင့် တစ်ပြိုင်နက် အပြစ်တရားသည် အသက်ဝင်လာ၏။