တမန်တော်ဝတ္ထု 19:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားတော်သည် တန်ခိုးအာဏာတော်နှင့်ကြီးထွား၍ ပျံ့နှံ့လွှမ်းမိုးလေ၏။ Common Language Bible သို့ဖြစ်၍သခင်ဘုရား၏တန်ခိုးတော်အား ဖြင့် သာသနာတော်သည်ကြီးပွားတိုးတက် လျက်နေ၏။ Garrad Bible ထို သို့ အ ရှင် ဘု ရား၏ တ ရား တော် သည် အား ကြီး စွာ ထွန်း ကား လျက် တန် ခိုး ရှိ လေ သ တည်း။ Judson Bible ထိုသို့ သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။ |
မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
ထိုသို့ နှစ်နှစ်တိုင်တိုင် ဆွေးနွေးပြောဆိုရာ အာရှပြည်တွင် နေထိုင်ကြသော ဂျူးလူမျိုးနှင့် ဂရိလူမျိုးများအားလုံးတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ကြားနာကြရ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
ညီအစ်ကိုမောင်နှမတို့… နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်မှာကြားလို၏။ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်သည် အရပ်ရပ်သို့ လျင်မြန်စွာ ပြန့်ပွား၍ သင်တို့သည် ထိုနှုတ်ကပတ်တရားတော်ကို ရိုသေလက်ခံသကဲ့သို့ အခြားသူတို့လည်း ရိုသေလက်ခံရန် ဆုတောင်းပေးကြလော့။