ကျွန်ုပ်တို့သည် တရောမြို့မှ ရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တန်းတန်းမတ်မတ်သွားကြရာ နောက်တစ်နေ့တွင် နာပေါလိမြို့သို့ ရောက်ကြ၏။
တမန်တော်ဝတ္ထု 16:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မုသိပြည်ကိုဖြတ်၍ တရောမြို့သို့ သွားကြ၏။ Common Language Bible မုသိပြည်ကိုဖြတ်၍တရောမြို့သို့ရောက်ကြ၏။- Garrad Bible မု သိ နယ် ကို ဖြတ်၍ တ ရော မြို့ သို့ ဆင်း သွား ကြ၏။ Judson Bible မုသိပြည်အနားမှာလျှောက်၍ တရောမြို့သို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် မုသိပြည်ကိုဖြတ်၍ တရောမြို့သို့ ဆင်းသွားကြ၏။ |
ကျွန်ုပ်တို့သည် တရောမြို့မှ ရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တန်းတန်းမတ်မတ်သွားကြရာ နောက်တစ်နေ့တွင် နာပေါလိမြို့သို့ ရောက်ကြ၏။
သူတို့သည် မုသိပြည်သို့ ရောက်လာသောအခါ ဗိသုနိပြည်သို့ သွားရန်ကြိုးစားကြ၏။ သို့သော် ယေရှု၏ဝိညာဉ်တော်သည် ခွင့်မပြုသောကြောင့်
ကျွန်ုပ်တို့သည် တဆေးမဲ့မုန့်ပွဲတော်ရက်များ ပြီးသည့်နောက် ဖိလိပ္ပိမြို့မှ သင်္ဘောစီး၍ ငါးရက်ကြာလျှင် တရောမြို့သို့ ဆိုက်ရောက်ကြ၏။ ထိုမြို့တွင် ခုနစ်ရက်နေထိုင်ကြ၏။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ရောက်ခဲ့၏။ ရောက်သောအခါ သခင်ဘုရားသည် မိမိ၏ အမှုတော်ကို ကျွန်ုပ်အား ဆောင်ရွက်စေရန် ကျွန်ုပ်အတွက် အခွင့်အရေးတံခါးကို ဖွင့်ပေးတော်မူ၏။
သင်လာသောအခါ တရောမြို့တွင်နေထိုင်သော ကာပုထံ၌ ကျွန်ုပ်အပ်ထားခဲ့သော ဝတ်လုံနှင့်တကွ စာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်ကို ယူခဲ့လော့။