ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
တမန်တော်ဝတ္ထု 13:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားက ကျွန်ုပ်တို့အား ‘သင်တို့သည် ကမ္ဘာမြေအဆုံးတိုင်အောင် ကယ်တင်ခြင်းတရားကို မျှဝေနိုင်ရန် ငါသည်သင်တို့ကို လူမျိုးခြားများအတွက် အလင်းဖြစ်စေရန် ခန့်ထား၏’ ဟု မိန့်တော်မူသည်” ဟူ၍ ဖြစ်၏။ Common Language Bible ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။ Judson Bible မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့လင်းစရာဖို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သခင်ဘုရားက ‘သင်တို့သည် ကယ်တင်ခြင်းကျေးဇူးကို မြေကြီးစွန်းတိုင်အောင် ရောက်ရှိစေရန် ငါသည် သင်တို့ကို လူမျိုးခြားတို့အတွက် အလင်းအဖြစ် ခန့်ထားပြီ’ဟူ၍ ငါတို့အား မိန့်မှာတော်မူ၏”ဟု ဆိုလေ၏။ |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
ထိုကယ်တင်ရှင်သည် လူမျိုးခြားတို့အား ကိုယ်တော့်အကြောင်းကို ဖော်ပြပေးမည့်အလင်းနှင့် ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးတို့၏ ဘုန်းအသရေအတွက် အလင်းဖြစ်တော်မူ၏” ဟု ဆိုလေ၏။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ သခင်ဘုရားက ‘သွားလော့။ ငါသည် သင့်ကို ရပ်ဝေးရှိလူမျိုးခြားတို့ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။
သူတို့ဟောပြောခဲ့သည့်အတိုင်း ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံစားရမည်။ ထို့ပြင် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ထံသို့ အလင်းတရားကို ကြေညာဟောပြောတော်မူမည်ဟု အကျွန်ုပ်ဟောပြောပါ၏” ဟူ၍ ဖြစ်၏။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။