တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
တမန်တော်ဝတ္ထု 12:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ပထမနှင့်ဒုတိယ အစောင့်တို့ကိုဖြတ်ကျော်ပြီးနောက် မြို့ဝင်သံတံခါးရှေ့သို့ ရောက်ရှိလာကြ၏။ ထိုတံခါးသည် အလိုအလျောက်ပွင့်သွားသဖြင့် သူတို့သည်လည်းအပြင်ထွက်၍ လမ်းကျဉ်းတစ်ခုအတိုင်းလျှောက်ကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ရုတ်တရက် ထွက်ခွာသွားလေ၏။ Common Language Bible သူတို့သည်ကင်းနှစ်တန်ကိုကျော်လွန်သွားပြီး လျှင် ထောင်အထွက်သံတံခါးသို့ရောက်ကြ၏။ ထိုတံခါးသည်အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍လမ်းအတိုင်းလိုက်သွား ကြ၏။ ထိုနောက်ကောင်းကင်တမန်သည်ရုတ် တရက်ပေတရုထံမှထွက်ခွာသွားလေ၏။ Garrad Bible ကင်း နှစ် တန် လွန်၍ မြို့ ဝင် သံ တံ ခါး သို့ ရောက် ကြ သော် အ လို လို ပွင့် သ ဖြင့် ဝင် ရာ ကြား လမ်း တစ် လျှောက် လျှောက် ကြ ပြီး နောက် စေ တ မန် တော် ချက် ခြင်း ကွယ် လေ၏။ Judson Bible လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းတစ်ကြောင်း၌လျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်း ပေတရုမှ ခွာ၍ သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အစောင့်ချရာပထမနေရာနှင့်ဒုတိယနေရာတို့ကို ဖြတ်သွားပြီးလျှင် မြို့သို့သွားသည့်သံတံခါးသို့ ရောက်လာကြ၏။ ထိုတံခါးသည်လည်း သူတို့အတွက် အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းကြားတစ်ခုအတိုင်း ဆက်သွားကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ချက်ချင်းထွက်ခွာသွားလေ၏။ |
တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ဟေရုဒ်မင်းသည် ပေတရုအား ဖမ်းဆီးပြီးနောက် ထောင်အတွင်းထည့်ကာ သူ့ကို စစ်သားလေးဦးဖြင့်ဖွဲ့ထားသော အစောင့်တပ်လေးစုထံသို့ အပ်ထားလေ၏။ ပသခါပွဲတော်ပြီးလျှင် ပေတရုကို လူအများရှေ့သို့ ထုတ်၍ စစ်ဆေးရန် ဟေရုဒ်ကြံစည်လေ၏။
ရုတ်တရက် မြေငလျင်ပြင်းစွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် လှုပ်ခါလေ၏။ ထိုအခါ ချက်ချင်းပင် ထောင်တံခါးများ ပွင့်သွား၍ အကျဉ်းသားများကို ချည်နှောင်ထားသည့် ရှိသမျှသံကြိုးတို့သည် ပြုတ်ထွက်ကြကုန်၏။
သို့သော်လည်း ညအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးကို ဖွင့်၍ တမန်တော်တို့ကို ခေါ်ထုတ်သွားကာ
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။