ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
တမန်တော်ဝတ္ထု 11:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးတော်မူသည့် လက်ဆောင်ကို ထိုသူတို့အားလည်းပေးသနားသောကြောင့် ကျွန်ုပ်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဟန့်တားနိုင်ပါမည်နည်း” ဟူ၍ ဖြစ်၏။ Common Language Bible ဘုရားသခင်သည်သခင်ယေရှုကိုယုံကြည်သူ ငါတို့အားပေးသနားတော်မူသောဆုကျေးဇူး ကို ထိုလူမျိုးခြားတို့အားလည်းပေးတော်မူ ကြောင်းထင်ရှား၏။ သို့ဖြစ်၍ငါသည်အဘယ် သို့သောသူဖြစ်၍ဘုရားသခင်ကိုဆီးတား နိုင်ပါမည်နည်း'' ဟုဆို၏။ Garrad Bible သို့ ဖြစ်၍ အ ရှင် ယေ ရှု ခ ရစ် ကို ယုံ ကြည် သော ငါ တို့ အား ဘု ရား သ ခင် သ နား တော် မူ သော ဆု ကျေး ဇူး တော် နှင့် ထပ် တူ ထို သူ တို့ အား လည်း သ နား တော် မူ သည် မှန် လျှင် ဘု ရား သ ခင် ကို ကန့် ကွက် နိုင် ခြင်း ငှါ ငါ ကား မည် သူ နည်း ဟု ပြန် ကြား လေ ၏။ Judson Bible သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည်နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည် အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။ |
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
“ကျွန်ုပ်တို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိသော ဤသူတို့အား ရေ၌ နှစ်ခြင်းမင်္ဂလာမပေးနိုင်ရန် မည်သူတားဆီးနိုင်မည်နည်း” ဟု ဆိုကာ
ကျွန်ုပ်စတင် ဟောပြောသည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ယခင်က ကျွန်ုပ်တို့အပေါ်သက်ရောက်သကဲ့သို့ ထိုသူတို့အပေါ် ဆင်းသက်တော်မူ၏။
သို့ရာတွင် ဘုရားသခင်၏အကြံအစည်တော်ဖြစ်ပါက သင်တို့သည် ထိုသူတို့ကို တားဆီး၍မရနိုင်ပါ။ ဤအမှု၌ သင်တို့ကိုယ်တိုင်ပင်လျှင် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သောသူများဖြစ်ပါလိမ့်မည်” ဟု ပြောလေ၏။