ဒါဝိဒ်မင်းကိုယ်တိုင် ဆာလံကျမ်းတွင် ရေးသားခဲ့သည်မှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်” ဟု မိန့်တော်မူ၏’ ဟူ၍ ဖြစ်၏။
တမန်တော်ဝတ္ထု 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို ဆာလံကျမ်းတွင် ရေးထားသည်မှာ ‘သူ၏နေထိုင်သောအရပ်သည် လူသူကင်းမဲ့၍ ထိုနေရာတွင် မည်သူမျှ မနေပါစေနှင့်။ သူ၏တာဝန်ကိုလည်း အခြားသူတစ်ဦး ယူပါစေ’ ဟူ၍ ဖြစ်၏။ Common Language Bible ဆာလံကျမ်းတွင်၊ `သူ၏နေအိမ်သည်လူသူဆိတ်ညံရာဖြစ်ပါစေ၊ ထိုအိမ်တွင်အဘယ်သူမျှမနေပါစေနှင့်။ ထိုသူ၏ရာထူးကိုလည်းအခြားသူတစ်ဦးယူပါစေ' ဟူ၍ရေးသားပါရှိ၏။ Garrad Bible ထို ဆာ လံ ကျမ်း ချက် ကား သူ့ နေ ရာ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ၊ နေ ထိုင် သူ မ ရှိ ပါ စေ နှင့် ဟူ ၍ လည်း ကောင်း၊ သူ့ ရာ ထူး ကို လည်း အ ခြား သူ ယူ ပါ စေ ဟူ ၍ လည်း ကောင်း လာ ရှိ သ တည်း။ Judson Bible ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် ဆာလံကျမ်း၌ ‘သူ၏နေရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်ပါစေ။ ထိုအရပ်၌ နေထိုင်သောသူမရှိပါစေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူယူပါစေ’ဟု ရေးထား၏။ |
ဒါဝိဒ်မင်းကိုယ်တိုင် ဆာလံကျမ်းတွင် ရေးသားခဲ့သည်မှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်” ဟု မိန့်တော်မူ၏’ ဟူ၍ ဖြစ်၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ဘုရားသခင်သည် ယေရှုကို ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့အတွက် ထိုကတိတော်ကို ပြည့်စုံစေတော်မူ၏။ ဒုတိယမြောက်ဆာလံကျမ်းတွင် ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့တွင် သင့်ကို ငါ၏သား ဖြစ်စေပြီ’ ဟူ၍ ရေးသားထား၏။