Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 1:20 - Garrad Bible

20 ထို ဆာ လံ ကျမ်း ချက် ကား သူ့ နေ ရာ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ၊ နေ ထိုင် သူ မ ရှိ ပါ စေ နှင့် ဟူ ၍ လည်း ကောင်း၊ သူ့ ရာ ထူး ကို လည်း အ ခြား သူ ယူ​ ပါ စေ ဟူ ၍ လည်း ကောင်း လာ ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ဆာ​လံ​ကျမ်း​တွင်၊ `သူ​၏​နေ​အိမ်​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​ပါ​စေ၊ ထို​အိမ်​တွင်​အ​ဘယ်​သူ​မျှ​မ​နေ​ပါ​စေ​နှင့်။ ထို​သူ​၏​ရာ​ထူး​ကို​လည်း​အ​ခြား​သူ​တစ်​ဦး​ယူ​ပါ​စေ' ဟူ​၍​ရေး​သား​ပါ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ဆာ​လံ​ကျမ်း​စာ၌​လာ​သည်​ကား၊ သူ၏​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။ သူ၏​အ​ရာ​ကို​လည်း အ​ခြား​သူ​ရ​ပါ​စေ​ဟု ရေး​မှတ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အမှန်စင်စစ် ဆာလံ​ကျမ်း​၌ ‘သူ​၏​နေရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ။ ထို​အရပ်​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်။ သူ​၏​အရိုက်အရာ​ကို​လည်း အခြား​သူ​ယူ​ပါစေ’​ဟု ရေး​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို​အကြောင်း​ကို ဆာလံကျမ်း​တွင် ရေးထားသည်​မှာ ‘သူ​၏​နေထိုင်သော​အရပ်​သည် လူသူ​ကင်းမဲ့​၍ ထို​နေရာ​တွင် မည်သူ​မျှ မနေပါစေနှင့်။ သူ​၏​တာဝန်​ကိုလည်း အခြားသူ​တစ်ဦး ယူပါစေ’ ဟူ၍ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 1:20
9 ပူးပေါင်းရင်းမြစ်များ  

စ ခန်း ချ ရာ အ ရပ် ကို ဖုန်း ဆိုး ကုန်း၊ တဲ များ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ။


အ ထက် ကျောက် ရာ တွင် ကျောက် သစ် ယူ၍ အ စား ထိုး ခြင်း၊ အင်္ဂ တေ သစ် ကို လည်း ယူ၍ မွမ်း မံ ခြင်း များ ကို ပြု ကြ ရ မည်။


ထာ ဝ ရ ဘု ရား က သင်၏ ရန် သူ တို့ ကို သင့် ခြေ တင် ရာ ငါ မ ဖြစ် စေ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ၍ ငါ့ အ ရှင် ဘု ရား အား မိန့် တော် မူ ကြောင်း ဆာ လံ ကျမ်း တွင် ဒါ ဝိဒ် ကိုယ် တိုင် မြွက် ဆို ၏။


ထို နောက် ကိုယ် တော် က သင် တို့ နှင့် အ တူ ရှိ နေ သေး စဉ် ငါ မိန့် ဆို ခဲ့ သည် မှာ မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း၊ ဆာ လံ ကျမ်း များ တွင် ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် သည် ပြည့် စုံ ရ မည် ဟူ၍ တည်း ဟု မိန့် ဆို လျက်၊


ညီ အစ် ကို တို့၊ ယေ ရှု ကို ဖမ်း ဆီး သူ တို့ အား လမ်း ပြ သူ ယု ဒ နှင့် စပ်၍ ဒါ ဝိဒ် မင်း နှုတ် ဖြင့် သန့် ရှင်း သော ဝိ ညာဉ် တော် တင် ရင် ဆင့် ဆို သည့် ကျမ်း ချက် ပြည့် စုံ ရန် အ ကြောင်း ရှိ ခဲ့ သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ