သူတို့ကလည်း “သင်သည် အပြစ်အပြည့်နှင့် မွေးလာသူဖြစ်လျက်နှင့်ပင် ငါတို့ကို သွန်သင်နေသလော” ဟု ဆိုကာ ဝတ်ပြုဆောင်မှ နှင်ထုတ်ကြ၏။
ဂလာတိ 5:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်မိမိ သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။ Common Language Bible သင်တို့ကိုနှောင့်ယှက်သောသူတို့သည်အရေ ဖျားလှီးမင်္ဂလာခံယူရုံသာမက မိမိတို့ ကိုယ်ကိုသင်းကွပ်လိုက်ကြလျှင်ကောင်းလိမ့်မည်။ Garrad Bible သင် တို့ ကို မှောက် လှန် သူ တို့ သည် ဆုံး မ ခြင်း ကို လည်း ခံ ကြ ပါ စေ သော။ Judson Bible သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှာ ငါအလိုရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကို မွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်ကိုပင် သင်းကွပ်လိုက်လျှင် ကောင်းလိမ့်မည်။ |
သူတို့ကလည်း “သင်သည် အပြစ်အပြည့်နှင့် မွေးလာသူဖြစ်လျက်နှင့်ပင် ငါတို့ကို သွန်သင်နေသလော” ဟု ဆိုကာ ဝတ်ပြုဆောင်မှ နှင်ထုတ်ကြ၏။
ကျွန်ုပ်တို့ထံမှ ထွက်ခွာသွားကြသောသူများသည် ကျွန်ုပ်တို့၏ညွှန်ကြားချက်များမရှိဘဲ သင်တို့အား စကားများဖြင့်ပူပန်စေ၍ သင်တို့၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ကို ကြားသိရပါ၏။
ထိုစကားကို ကြားသောအခါ အာနနိသည် လဲကျ၍ သေဆုံးလေ၏။ ဤအဖြစ်ပျက်ကို ကြားသောသူရှိသမျှတို့သည် အလွန်ထိတ်လန့်ကြ၏။
ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
ကျွန်ုပ်အယူနှင့် ကွဲလွဲသောအယူကို သင်တို့လက်ခံမည်မဟုတ်ကြောင်း သခင်ဘုရားသည် ကျွန်ုပ်ကို ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူ မည်သူမဆို ပြစ်ဒဏ်စီရင်ခံရမည်။
စိတ်ဝမ်းကွဲစေတတ်သောသူကို နှစ်ကြိမ်ထိတိုင် သတိပေးပြီးနောက် မနာခံလျှင် ထိုသူနှင့် အဆက်အသွယ်ဖြတ်လော့။