သင်တို့သည် ပရောဖက်တို့၏သားသမီးများဖြစ်ကြ၍ ဘုရားသခင်နှင့် ဘိုးဘေးတို့အကြား ဖွဲ့သည့် ပဋိညာဉ်တရားတော်နှင့်ဆိုင်သော မျိုးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံအား ‘သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်၌ လူမျိုးစုရှိသမျှတို့သည် ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်’ ဟူ၍ မိန့်တော်မူ၏။