ထိုအခါ တပည့်တော်တို့သည် “ဘုရားသခင်၏ အိမ်တော်ကို စွဲလမ်းစိတ်ပြင်းပြခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းစေပါလိမ့်မည်” ဟူသော ကျမ်းစကားကို သတိရကြ၏။
ဂလာတိ 4:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့နှင့်အတူ ကျွန်ုပ်ရှိနေချိန်၌သာ မဟုတ်ဘဲ လူတို့သည် သင်တို့ကို ကောင်းသောရည်ရွယ်ချက်ဖြင့် အစဉ်အမြဲ အရေးတယူ ဆက်ဆံကြသည်မှာ ကောင်း၏။ Common Language Bible ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။- Garrad Bible သို့ ရာ တွင် သင် တို့၌ ခ ရစ် တော်၏ ပုံ တော် မ ကျ မီ ဖွား မြင် ခြင်း ဝေ ဒ နာ ခံ စား ပြန် စေ သော ငါ့ သူ ငယ် တို့၊ ငါ ရှိ စဉ် သာ မ ဟုတ်၊ အ ခါ ခပ် သိမ်း ပင် သင် တို့ အ ကျိုး ငှာ စွဲ လမ်း ခြင်း ခံ ကြ လျင် ကောင်း လှ ပေ၏။ Judson Bible သို့သော်လည်း သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။ |
ထိုအခါ တပည့်တော်တို့သည် “ဘုရားသခင်၏ အိမ်တော်ကို စွဲလမ်းစိတ်ပြင်းပြခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းစေပါလိမ့်မည်” ဟူသော ကျမ်းစကားကို သတိရကြ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ပထမအကြိမ် သင်တို့အား သတင်းကောင်းကို ဟောပြောခဲ့ခြင်းမှာ ကျွန်ုပ် မကျန်းမာသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။
သင်တို့အား ဂျူးပညတ်တရားကို လိုက်နာစေလိုသောသူတို့သည် သင်တို့ကို အရေးတယူ ဆက်ဆံကြ၏။ ထိုသို့ပြုသည်မှာ ကောင်းသောရည်ရွယ်ချက်ကြောင့် မဟုတ်ပေ။ သင်တို့သည် သူတို့ကို အရေးတယူဆက်ဆံကြစေရန် သင်တို့ကို ကျွန်ုပ်တို့ထံမှ ဖယ်ထုတ်လိုသောကြောင့်သာ ဖြစ်၏။
ကျွန်ုပ်သည် သင်တို့နှင့် ပတ်သက်၍ မည်သို့ပြုရမည်နည်းဟု စဉ်းစားရခက်သဖြင့် ယခုပင် သင်တို့ကို ကိုယ်တိုင်တွေ့၍ ကျွန်ုပ်၏ လေသံကို ပြောင်းလို၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
ငါသည် ကိုယ်ချစ်သောသူတို့ကို ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်သည် စိတ်အားထက်သန်လော့။ နောင်တရလော့။