အို ထာဝရဘုရား… ယခုတွင် သူတို့၏ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ရဲစွမ်းသတ္တိနှင့် ဟောပြောရန် ကိုယ်တော်၏အစေအပါးတို့အား အခွင့်ပေးတော်မူပါ။
ကောလောသဲ 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ဟောပြောသင့်သည့်အတိုင်း ထိုလျှို့ဝှက်နက်နဲသောတရားတော်ကို ရှင်းလင်းစွာ ဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။ Common Language Bible သို့ဖြစ်၍တရားတော်ကိုဟောပြောအပ်သည် နှင့်အညီ ငါသည်ရှင်းလင်းပြတ်သားစွာဟော ပြောနိုင်ရန်ဆုတောင်းကြလော့။ Judson Bible ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကိုလည်းကောင်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဖော်ပြမည် အကြောင်းကိုလည်းကောင်း၊ ငါတို့အဖို့လည်း ဆုတောင်းကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနက်နဲသောအရာကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန်လည်း ဆုတောင်းပေးကြလော့။ |
အို ထာဝရဘုရား… ယခုတွင် သူတို့၏ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ရဲစွမ်းသတ္တိနှင့် ဟောပြောရန် ကိုယ်တော်၏အစေအပါးတို့အား အခွင့်ပေးတော်မူပါ။
သို့ရာတွင် ပေတရုနှင့် တမန်တော်တို့က “ကျွန်ုပ်တို့သည် လူတို့၏အမိန့်အာဏာထက် ဘုရားသခင်၏စကားတော်ကို နားထောင်ရပါမည်။
ကျွန်ုပ်သည် ထိုသတင်းကောင်းအတွက် အကျဉ်းချခံရသော သံတမန် ဖြစ်၏။ သို့သော်လည်း ကျွန်ုပ် ဟောပြောသင့်သည့်အတိုင်း ရဲဝံ့စွာ ဟောပြောနိုင်ရန် ဆုတောင်းကြလော့။
ပြင်ပလူတို့ရှေ့တွင် ပညာရှိစွာ ပြုမူနေထိုင်၍ အခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုကြလော့။
လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။