အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 3:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အချင်းချင်း မလိမ်လည်ကြနှင့်။ သင်တို့​သည် လူဟောင်း​နှင့် ၎င်း​၏ အကျင့်များ​ကို ဖယ်ရှားပြီ​ဖြစ်၍

အခန်းကိုကြည့်ပါ။

Common Language Bible

တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ချင်း ချင်း မု သာ မ သုံး ကြ နှင့်။ သင် တို့ သည် လူ ဟောင်း နှင့် တ ကွ ဆိုင် ရာ အ ကျင့် များ ကို ချွတ် ပယ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 3:9
16 ပူးပေါင်းရင်းမြစ်များ  

သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​၏​ဘဝ​တွင် အပြစ်တရား​၏ ကြီးစိုးခြင်း​ကို ဖျက်ဆီး​ရန်​အတွက် အပြစ်ရှိသော ကျွန်ုပ်တို့​၏ လူဟောင်း​သည် ခရစ်တော်​နှင့်အတူ အသေခံခဲ့ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အပြစ်တရား​၏ ကျေးကျွန် မဟုတ်တော့ပေ။


သို့ဖြစ်၍ ဖြားယောင်းတတ်သော အလို​ရမ္မက်များ​ကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့​၏ လူဟောင်း ဖြစ်သော ယခင်​ပြုမူနေထိုင်ပုံ​ကို စွန့်လွှတ်ကြလော့။


ထို့ကြောင့် လိမ်လည်​၍ မပြောကြနှင့်။ ကျွန်ုပ်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ ဖြစ်ကြ​သောကြောင့် တစ်ဦး​ကို တစ်ဦး မှန်သော​စကား​ကိုသာ ပြောကြလော့။


သို့သော် ယခု​အခါ သင်တို့​သည် အမျက်ထွက်ခြင်း၊ ဒေါသ​ထွက်ခြင်း၊ မလိုမုန်းထား​ဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ညစ်ညမ်းသော စကား​ကို ပြောဆိုခြင်း စသည့်​အရာများ​ကို ဖယ်ရှားကြလော့။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။


မည်သည့်​ညစ်ညမ်းသော​အရာ​မျှ ထို​မြို့​ထဲသို့ ဝင်ရ​လိမ့်မည်​မဟုတ်။ စက်ဆုပ်​ရွံရှာဖွယ်​အမှု​ကို ပြုသူ​နှင့် လိမ်လည်သူ​သည်လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်တော်​၏ အသက်​စာစောင်​တွင် စာရင်း​ဝင်သော​သူတို့​သာလျှင် ဝင်ကြရ​လိမ့်မည်။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


မြို့ပြင်​တွင်​မူ ခွေး​ဖြစ်သော​သူများ၊ ပြုစားသောသူများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တု​ကိုးကွယ်သူများ၊ လိမ်လည်ခြင်း​ကို နှစ်သက်​၍ ကျင့်သုံးသောသူ​အပေါင်းတို့ ရှိကြ၏။