အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
ရှင်ယောဟန် 1:16 - မြန်မာ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- Common Language Bible ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။- Garrad Bible ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။ Judson Bible ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။ |
အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
ငါသည် နောင်တအဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။
အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။-
ဘုရားသခင် စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏။-