ရှောလမုန်သီချင်း။ 1:6 - Garrad Bible ကျွန် မ ကို နေ ရှိန် ထိ၍ အ ဆင်း မည်း သော ကြောင့် မ ကြည့် ကြ ပါ နှင့်။ ကျွန် မ၏ သား ချင်း တို့ သည် အ မျက် ထွက်၍၊ စ ပျစ် ဥ ယျာဉ် များ ကို အ စောင့် ခိုင်း ကြ ပါ၏။ ကိုယ့် ဥ ယျာဉ် ကို ကား၊ ကျွန် မ မ စောင့် စည်း ခဲ့ ပါ။ Common Language Bible ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။ Judson Bible ငါသည် နေပူကိုခံ၍ မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကို မကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် နေလောင်ခံရ၍ အသားမည်းသဖြင့် အကျွန်ုပ်ကို မကြည့်ပါနှင့်။ အကျွန်ုပ်နှင့်တစ်မိတည်းဖွားသောသားတို့သည် အကျွန်ုပ်ကို စိတ်ဆိုး၍ စပျစ်ခြံစောင့်အဖြစ် ထားပါ၏။ ကိုယ့်စပျစ်ခြံကိုပင် ကိုယ်မစောင့်ရပါ။ |
ညီ အစ် ကို ချင်း တို့ တွင် သူ စိမ်း၊ အ မိ သား ချင်း တို့ တွင် နိုင် ငံ ခြား သား ဖြစ် နေ ပါ ပြီ။
သင် ၏ ညာ တ ကာ ဆွေ မျိုး သား ချင်း တို့ ပင်၊ သ စ္စာ ဖျက်၍ သင့် ကို အော် ဟစ် လိုက် ကြ ကုန်၏။ နှုတ် ချို စွာ ပြော ကြ သော် လည်း၊ သူ တို့ ကို မ ယုံ နှင့်။
ငါ ၏ အ မျိုး သ တို့ သ မီး ကျိုး ပဲ့ ခံ ရ သည့် အ တွက်၊ ငါ လည်း စိတ် ကျိုး ပဲ့ လျက်၊ ညှိုး ငယ် လျက်၊ မိန်း မော လျက် နေ ရ ၏။
လမ်း တွင် သိ မှတ် သူ ကင်း သည့် တိုင် အောင်၊ မီး သွေး ထက် အ သား မည်း လျက်၊ ထင်း သ ဖွယ် တွန့် သော အ ရေ နှင့် အ ရိုး ကပ် လျက်၊ ပျက် ယွင်း ကြ လေ စွ။
အ သို့ ဆို သော်၊ သား သည် ဖ ခင် ကို ပြောင် လှောင်၍၊ သ မီး သည် မိ ခင် ကိုလည်း ကောင်း၊ ချွေး မ သည် ယော က္ခ မ မိန်း မ သူ့ ကိုလည်း ကောင်း၊ ရန် ဘက် ပြု ကြ သည့် အ လျောက်၊ အိမ် ထောင် သား ချင်း တို့ လည်း ရန် မူ ကြ လေ စွ တ ကား။
ငါ့ နာ မ အ တွက် ကြောင့် သင် တို့ ကို လူ ခပ် သိမ်း မုန်း ထား ကြ လိမ့် မည်။ အ ဆုံး တိုင် အောင် တည် ကြည် သူ ကား ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။
တ ပည့် မှာ ဆ ရာ ကဲ့ သို့ လည်း ကောင်း၊ ကျွန် မှာ သ ခင် ကဲ့ သို့ လည်း ကောင်း ဖြစ် သော် တော် လောက် ပြီ၊ အိမ့် ရှင် ကို ဗေ လ ဇေ ဗု လ ဟု ခေါ် ကြ လျှင် အိမ် သား တို့ ကို သာ၍ ခေါ် ကြ လိမ့် တ ကား။
များ စွာ သော ဆင်း ရဲ ဒု က္ခ ခံ ခြင်း ဖြင့် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ရ မည် ဟူ၍ လည်း ကောင်း၊ ယုံ ကြည် ခြင်း တ ရား တော်၌ တည် မြဲ ရ ကြ မည် ဟူ၍ လည်း ကောင်း နှိုး ဆော် လျက် တ ပည့် တော် တို့ စိတ် ကို တည် ကြည် စေ ကြ သည့် ပြင်၊
ထို ကာ လ ဇာ တိ အ လျောက် ရ သော သား သည် ဝိ ညာဉ် တော် အ လျောက် ရ သော သား ကို ညှဉ်း ပန်း သ ကဲ့ သို့ ယ ခု ကာ လ ဖြစ်၏။