ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
၂ ရာချုပ် 16:6 - Common Language Bible ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။ Garrad Bible အာ သ မင်း သည်၊ ယု ဒ တစ် မျိုး လုံး ကို ဆင့် ခေါ် ပြီး လျှင်၊ ဗာ ရှာ မင်း တည် ဆဲ ဖြစ် သော ရာ မ မြို့ မှ၊ ကျောက်၊ သစ် သား များ ကို သယ် ယူ၍၊ မိ ဇ ပါ၊ ဂေ ဗ မြို့ များ ကို ချဲ့ တည် လေ၏။ Judson Bible ထိုအခါ အာသမင်းကြီးသည် ယုဒလူအပေါင်းကိုခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။ မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။ |
ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။
သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
ဤသတင်းကိုကြားသောအခါဗာရှာမင်း သည် ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ လိုက်လေသည်။-
ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-
သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။
သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
ငါသည်လည်းဂေဒလိထံသို့သွား၍မိဇပါ မြို့တွင်ကြွင်းကျန်လျက်ရှိသည့်ပြည်သူပြည် သားတို့နှင့်အတူနေထိုင်လေသည်။
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-
ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။-
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။