ဧသတာ 9:30 - Common Language Bible ထိုစာမိတ္တူကိုပေရသိအင်ပါယာနိုင်ငံ တော်အတွင်းတစ်ရာ့နှစ်ဆယ်ခုနစ်ပြည်နယ် များရှိယုဒအမျိုးသားအပေါင်းတို့ထံ ပေးပို့လေသည်။ ထိုစာတွင်ယုဒအမျိုး သားတို့အားဘေးရန်ကင်း၍အေးချမ်း စေကြောင်းဆုမွန်တောင်းပြီးနောက်၊- Garrad Bible အ စာ ရှောင် ခြင်း၊ ဟစ် ကြွေး ခြင်း အ ရေး ကို ထောက်၍၊ ယု ဒ လူ မျိုး မော် ဒ ကဲ နှင့် မိ ဖု ရား ဧ သ တာ တို့ မိန့် မှာ သည့် ပြင်၊ ယု ဒ လူ မျိုး တို့ ကိုယ် တိုင် လည်း၊ ကိုယ် မှ စ၍ အ မျိုး အ နွယ် တို့ အ ဖို့၊ စီ မံ သော ပု ရိမ် ခေါ် နေ့ ရက် များ ကို၊ ချိန်း ချက် သော သ မ ယ အ တိုင်း အ တည် ပြု ကြ စေ ရန်၊ အာ ရွှေ ရု မင်း ပိုင် နိုင် ငံ တစ် ရာ့ နှစ် ဆယ့် ခု နစ် ပြည်၌ ရှိ သော ယု ဒ လူ မျိုး အ ပေါင်း တို့ အား၊ မေ တ္တာ စ ကား၊ သ စ္စာ စ ကား များ ဖြင့် မော် ဒ ကဲ ပေး လိုက် လေ၏။ Judson Bible ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မော်ဒကဲသည် အာရွှေရုမင်းကြီးပိုင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ မေတ္တာစကားနှင့် သစ္စာစကားဖြင့် စာပေးပို့လိုက်၏။ |
ဇေရဇ်မင်းသည်ပေရသိပြည်ရှုရှန်မြို့တော် ရာဇပလ္လင်ထက်နန်းစံ၍အိန္ဒိယပြည်မှသည် ဆူဒန်ပြည်တိုင်အောင် တစ်ရာနှစ်ဆယ့်ခုနစ် ပြည်နယ်တို့ကိုအုပ်စိုးတော်မူ၏။
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
ကိုယ်တော်ရှင်အားစွန့်ပစ်ကြသူတို့သည် အကယ်စင်စစ် သေကျေပျက်စီးရကြပါလိမ့်မည်။ ကိုယ်တော်ရှင်အားသစ္စာဖောက်သူတို့ကို ကိုယ်တော်ရှင်သည်သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။
``စတုတ္ထ၊ ပဉ္စမ၊ သတ္တမနှင့်ဒသမလများ တွင်ကျင်းပသည့်အစာရှောင်သည့်ပွဲတော် များသည် ယုဒပြည်သားအတွက်ရွှင်လန်း ဝမ်းမြောက်ဖွယ်ဖြစ်လာလိမ့်မည်။ သင်တို့ သည်အမှန်တရားနှင့်ငြိမ်းချမ်းသာယာ မှုကိုနှစ်သက်မြတ်နိုးရကြမည်'' ဟု မိန့်တော်မူ၏။