အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
ဟေရှာယ 51:22 - Common Language Bible သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊သင် တို့အား ကာကွယ်စောင့်ရှောက်တော်မူ၍၊ ``ငါသည်အမျက်ထွက်သဖြင့်သင်တို့အား ပေးအပ်ခဲ့သည့်ခွက်ဖလားကို သင်တို့လက်မှပြန်လည်ရုပ်သိမ်းတော်မူမည်။ သင်တို့အားယိမ်းယိုင်မူးဝေစေသည့်စပျစ်ရည်ကို သင်တို့သောက်ရကြတော့မည်မဟုတ်။ Garrad Bible ယိမ်း ယိုင် စေ သော ဖ လား တည်း ဟူ သော၊ အ မျက် တော် ခွက် ဖ လား ကို နောက် တစ် ဖန် မ သောက် ရ စေ ရန်၊ သင့် လက် မှ ငါ ယူ ပြီး နောက်၊ ကျော် နင်း မည့် သူ တို့ က၊ ငါ တို့ ကျော် နင်း ခွင့် ရ စေ ခြင်း ငှာ ဝပ် လော့ ဟု ဆို ကြ သည့် အ လျောက်၊ မြေ ပြင် အ ဖြစ်၊ လမ်း အ ဖြစ်၊ သင့် ကျော ကို ခင်း ရ သည့် တိုင် အောင်၊ ညှဉ်း ပန်း သော သူ တို့ လက် သို့ လွှဲ အပ် မည့် အ ကြောင်း၊ ယေ ဟော ဝါ ဟူ သော သင့် အ ရှင် ဘု ရား၊ လူ မျိုး တော် ဘက်၌ ချေ ပ တော် မူ သော သင့် ဘု ရား သခင် မိန့် တော် မူ ၏။ Judson Bible သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူသော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှငါရုပ်၍၊ သင်သည် နောက်တစ်ဖန် မသောက်ရ။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
သင်တို့သည်အသိဉာဏ်တုံးလျက်ပင်ရှိနေ ကြလော့။ မျက်စိကန်း၍နေကြလော့။ စပျစ် ရည်မသောက်ဘဲယစ်မူးကြလော့။ တစ်စက်မျှ ပင်မသောက်ဘဲယိမ်းထိုး၍နေကြလော့။-
ငွေချေးစားသူတို့သည်ငါ၏လူများအား နှိပ်စက်ကြ၏။ ငွေရှင်ကြေးရှင်များကသူတို့ အားလိမ်လည်လှည့်ဖြားကြ၏။ ငါ၏လူတို့၊ သင်တို့၏ခေါင်းဆောင်များသည်သင်တို့အား လမ်းမှားကိုပြလျက်နေသဖြင့် သင်တို့သည် အဘယ်လမ်းသို့လိုက်ရမည်ကိုပင်မသိ နိုင်ကြတော့ပေ။
ထာဝရဘုရားသည်မိမိ၏အမှုကိုဖော်ပြ ရန်အသင့်ရှိတော်မူ၏။ ကိုယ်တော်သည်လူမျိုး တကာတို့ကိုတရားစီရင်ရန်အသင့်ရှိ တော်မူ၏။-
ထာဝရဘုရားက၊ ``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။ စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။ မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။
အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ ထာဝရဘုရားအမျက်တော်ထွက်သဖြင့် သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။-
သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
လူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
ငါ့လူမျိုးတော်သည်ငါ၏သန့်ရှင်းမြင့် မြတ်သော တောင်တော်ပေါ်တွင်၊ ငါ၏ဆိုးရွားသောအမျက်တော်စပျစ် ရည်ကို သောက်ရကြလေပြီ။ အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ သည်လည်း ထိုထက်ပင်ပိုမိုဆိုးရွားသည့်အမျက်တော် စပျစ်ရည်ကိုသောက်ရကြလိမ့်မည်။ သူတို့သည်ယင်းကိုအကုန်အစင်သောက် ပြီးနောက်၊ ကွယ်ပျောက်၍သွားကြလိမ့်မည်။
ငါတို့သည်အပြစ်ကူးလွန်ခဲ့သောကြောင့် အခိုက်အတန့်အားဖြင့် ထာဝရဘုရား ၏အမျက်တော်ဒဏ်ကိုခံရကြမည်။ သို့ ရာတွင်နောက်ဆုံး၌ကိုယ်တော်သည် ငါတို့ အမှုကိုလျှောက်လဲ၍တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ကိုယ်တော် သည်ငါတို့အားအလင်းထဲသို့ထုတ်ဆောင် တော်မူလိမ့်မည်။ ငါတို့အားကိုယ်တော် ကယ်တင်တော်မူခြင်းကိုငါတို့ဒိဌ မြင်ရလိမ့်မည်။-
ကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။-
သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-