မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
ဟေရှာယ 4:2 - Common Language Bible ထာဝရဘုရားသည်ပြည်တော်တွင်သစ်ပင် ကြီးငယ်အပေါင်းကို ထွားကြိုင်းသန်မာစိုပြေ စေတော်မူမည့်အချိန်ကျရောက်လာတော့မည်။ မသေဘဲကျန်ရှိနေသေးသောဣသရေလ အမျိုးသားအပေါင်းတို့သည် ပြည်တော်ထွက် သီးနှံများအတွက်ဂုဏ်ယူဝမ်းမြောက်ကြ လိမ့်မည်။- Garrad Bible ထို ကာ လ ထာ ဝ ရ ဘု ရား ပေါက် စေ တော် မူ သော အ ညှောက် သည် တင့် တယ် ပွင့် လန်း၍၊ မြေ အ သီး အ နှံ လည်း ဘေး လွတ် သော ဣ သ ရေ လ လူ မျိုး တို့ အ ဖို့ ဂုဏ် အ သ ရေ ထင် ပေါ် လိမ့် မည်။ Judson Bible ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။ လွတ်သော ဣသရေလအမျိုးသားတို့အဖို့၊ မြေအသီးအနှံသည် ကောင်းမြတ်လျောက်ပတ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ထာဝရဘုရား၏အကိုင်းသည် လှပ၍ဘုန်းအသရေရှိမည်။ မြေ၏အသီးအနှံသည်လည်း အသက်ဘေးလွတ်သောအစ္စရေးလူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လိမ့်မည်။ |
မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
သင်တို့သီးနှံများကိုစိုက်ပျိုးကြသည့် အခါတိုင်းအပင်ပေါက်စေရန်ထာဝရ ဘုရားသည်မိုးကိုရွာသွန်းစေတော်မူ လိမ့်မည်။ သင်တို့ရိတ်သိမ်းရန်အသီးအနှံ များကိုလှိုင်လှိုင်ထွက်စေ၍ ကျွဲနွားများ သည်လည်းစားကျက်အလုံအလောက်ရရှိ ကြလိမ့်မည်။-
ငါသည်အောင်ပွဲကိုမိုးရေသဖွယ် ကောင်းကင်မှချပေးမည်။ ယင်းကိုကမ္ဘာမြေကြီးသည်ဖွင့်ဟခံယူကာ လွတ်လပ်မှုနှင့်တရားမျှတမှုတည်းဟူ သော အသီးအပွင့်များကိုဆောင်လိမ့်မည်။ ငါထာဝရဘုရားသည်ဤအမှုအရာ များကို ဖြစ်ပျက်စေတော်မူပေအံ့။''
ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-
အီဂျစ်ပြည်တွင်နေထိုင်ရန်ယုဒပြည်မှ ထွက်ခွာလာကြသူတို့အနက် အဘယ်သူ ကိုမျှထိုဘေးများမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အသက်မသေဘဲကျန်ရှိလိမ့် မည်မဟုတ်။ မိမိတို့တစ်ဖန်ပြန်လည်နေ ထိုင်ရန်မျှော်လင့်တောင့်တကြသည့်ယုဒ ပြည်သို့ ထိုသူတစ်စုံတစ်ယောက်မျှပြန်ရ လိမ့်မည်မဟုတ်။ ဒုက္ခသည်အချို့မှတစ်ပါး အဘယ်သူမျှပြန်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သင်တို့အချို့သည်အသက်ဘေး မှလွတ်မြောက်၍ အီဂျစ်ပြည်မှယုဒပြည် သို့ပြန်ကြလိမ့်မည်။ ထိုအခါအီဂျစ်ပြည် သို့လာရောက်ကြသောယုဒပြည်သူအကြွင်း အကျန်များသည် မိမိတို့စကားနှင့်ငါ့ စကား၊ မည်သည်ကမှန်၍နေသည်ကိုသိ ရှိကြလိမ့်မည်။-
ငါသည်သူတို့အားမြေသြဇာကောင်း သည့်လယ်ယာများကိုပေး၍ ပြည်တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်ကင်းဝေး စေမည်။ အခြားလူမျိုးများသည်လည်း သူတို့အားအဘယ်အခါမျှပြောင်လှောင် ကြတော့မည်မဟုတ်။-
သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။
``သို့ရာတွင်၊ဇိအုန်တောင်တော်ပေါ်တွင်ဘေး လွတ်သူလူအချို့ရှိလိမ့်မည်။ ထိုတောင်တော်သည်သန့်ရှင်းမြင့်မြတ်ရာ အရပ်ဖြစ်လိမ့်မည်။ ယာကုပ်၏မျိုးဆက်တို့သည်မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသည်။ ပြည်တော်ကိုအပိုင်ရကြလိမ့်မည်။
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အညွှန့် အတက်'' ဟုနာမည်တွင်သူသည်မိမိရှိရာ အရပ်တွင်ကြီးပွားတိုးတက်လျက်ထာဝရ ဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက် ရလိမ့်မည်။-
ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤ သူတို့သည်ငါ၏လူစုဖြစ်လိမ့်မည်။ သူ တို့သည်ငါစီရင်ချက်ချမှတ်ရာနေ့၌ ငါ၏ကိုယ်ပိုင်လူစုဖြစ်ကြလိမ့်မည်။ အဖ သည်မိမိ၏အစေအပါးကို ခံသည့်သား အပေါ်တွင် ကရုဏာထားသကဲ့သို့ငါ သည်လည်းသူတို့အပေါ်တွင်ကရုဏာ ထားတော်မူမည်။-
ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-