ယောလ 2:32 - Common Language Bible32 သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။'' အခန်းကိုကြည့်ပါ။Garrad Bible32 ငါ ထာ ဝ ရ ဘုရား က တိ ပေး သည့် အ တိုင်း၊ ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ တွင်၊ ဘေး လွှတ် ခွင့် ရ သူ တို့၊ ကျန် ကြွင်း သူ တို့ တွင်၊ ငါ ထာ ဝ ရ ဘု ရား ခေါ် ဆောင် မည့် သူ တို့ ရှိ နေ သည့် အ လျောက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း၊ ဘေး လွတ် ခွင့် ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible32 ထိုအခါ ထာဝရဘုရားကို ပတ္ထနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။ အကြောင်းမူကား၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့် ရှိရလတ္တံ့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။-
ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။