အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
ဟေရှာယ 38:3 - Common Language Bible ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားရိုးဖြောင့်စွာသစ္စာနှင့် ကိုးကွယ်ဝတ်ပြုလျက် ကိုယ်တော်ပြုစေလို သည့်အတိုင်းကြိုးစားပြုကျင့်သည်ကို အောက်မေ့သတိရတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး အော်ဟစ်ငိုကြွေးလေ၏။ |
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။-
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
ထိုမင်းသည်မိမိ၏ဘေးတော်ဒါဝိဒ်၏စံန မူနာကိုယူ၍ ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။-
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
ကိုယ်တော်ရှင်မိန့်တော်မူသမျှတို့ကို စိတ်ရောကိုယ်ပါလိုက်နာလိုသောဆန္ဒကို လည်းကောင်း၊ ဗိမာန်တော်ကိုအပြီးတိုင် စိတ်ပါလက်ပါတည်ဆောက်လိုသောဆန္ဒ ကိုလည်းကောင်း ကျွန်တော်မျိုး၏သား ရှောလမုန်အားပေးတော်မူပါ။ ထိုဗိမာန် တော်အတွက်ကျွန်တော်မျိုးသည်ဤပြင် ဆင်မှုများကိုပြုလုပ်၍ထားပါပြီ'' ဟု လျှောက်ထား၏။
သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
သူသည်ထာဝရဘုရား၏မျက်မှောက်တော် ၌ဖြောင့်မှန်သောအမှုကိုပြုသော်လည်း စိတ်ရောကိုယ်ပါပြုသည်မဟုတ်။-
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။ ငါသည်ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်အစာရှောင်ပြီးလျှင်၊-
အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။
ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။ အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။
အချိန်ကျလျှင်ထင်းအလှူကိုလည်းကောင်း၊ ဆန်စပါးအဦးအဖျားများနှင့်အဦး မှည့်သည့်သစ်သီးပူဇော်သကာများကို လည်းကောင်းယူဆောင်လာကြစေရန်စီမံ၏။ အို ဘုရားသခင်ဤအမှုအရာအပေါင်းကို သတိရတော်မူ၍အကျွန်ုပ်အားကျေးဇူး ပြုတော်မူပါ။ နေဟမိမှတ်စာပြီး၏။
အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။
ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို တစ်သဝေမတိမ်းလိုက်လှောက်သဖြင့် အရေးရှုံးနိမ့်၍အရှက်ကွဲမှုနှင့် ကင်းလွတ်ပါစေသော။
ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။
ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်သည်လမ်းပြပါ၏။ သစ္စာတော်သည်ကျွန်တော်မျိုးအား အစဉ်ပို့ဆောင်လျက်ရှိပါ၏။
မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။
သူသည်ကောင်းကင်တမန်နှင့်ရန်ဘက်ပြု ၍အနိုင်ယူခဲ့သည်။ သူသည်ငို၍ကောင်းချီး မင်္ဂလာကိုတောင်းခံ၏။ ဗေသလမြို့တွင် ဘုရားသခင်သည်ယာကုပ်ထံသို့ကြွ လာ၍ဗျာဒိတ်ပေးတော်မူ၏။-
နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။-
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-