Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 13:22 - Common Language Bible

22 ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ပြီး​လျှင်​မြို့​တံ​ခါး​များ​သို့​သွား​၍ စောင့်​ရန်​ငါ​အ​မိန့်​ပေး​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​ကို​လည်း​ထောက်​၍ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ။ မေတ္တာ​တော် နှင့်​အ​ညီ​အ​ကျွန်ုပ်​အား​သ​နား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 လေ ဝိ ဂိုဏ်း သား တို့ အား လည်း၊ ကိုယ် ကို သန့် ရှင်း စေ ပြီး လျှင်၊ ဥပုသ် နေ့ ကို သီး သန့် စိမ့် သော ငှာ၊ တံ ခါး စောင့် သွား ကြ ရ မည် ဟု ငါ စီ မံ၏။ အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ဤ အ မှု ကို လည်း ထောက်၍ အ ကျွန်ုပ် အား သ တိ ရ လျက်၊ မ ဟာ က ရု ဏာ တော် အ လျောက် သ နား တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 လေဝိ​အမျိုး​တို့​ကို​လည်း ဥပုသ်နေ့​သန့်ရှင်း​အောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်​စေ​ပြီး မြို့​တံခါး​တို့​တွင် သွား​၍​စောင့်ကြပ်​ကြ​လော့​ဟု ငါ​မှာကြား​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ မေတ္တာကရုဏာ​ကြွယ်ဝ​သည့်​အတိုင်း အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 13:22
26 ပူးပေါင်းရင်းမြစ်များ  

``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။


ထို​နောက်​ယော​ရှိ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ၊ သူ​၏​လက်​ထောက်​ယဇ်​ပု​ရော​ဟိတ် များ​နှင့် ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​တာ​ဝန်​ကျ သည့်​အ​စောင့်​တပ်​သား​များ​အား​ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ဘု​ရား​မ​နှင့်​ကြယ်​နက္ခတ်​တို့​ကို ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ပစ္စည်း​အ​သုံး အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​ထုတ်​ဆောင် လာ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ မင်း​ကြီး​သည် ဤ​ပစ္စည်း​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို မြို့ ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​အ​နီး​တွင်​မီး​ရှို့​ပြီး လျှင် ပြာ​ကို​ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​သွား စေ​၏။-


ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။


မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။-


ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။


ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။


ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။


အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။


အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။


အို ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​တွက်​အ​ကျွန်ုပ် ပြု​ခဲ့​သ​မျှ​ကို​သ​တိ​ရ​၍​အ​ကျွန်ုပ်​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။


အို ဣ​သ​ရေ​လ၊ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည် ခိုင်​မြဲ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​ကယ်​တော်​မူ​ရန် အ​ခါ​ခပ်​သိမ်း​အ​သင့်​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။


ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့် အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာ ကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လွန်​စွာ​သ​နား​ကြင်​နာ​တော်​မူ​တတ်​သည် နှင့်​အ​ညီ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။


``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့် ကိုး​ကွယ်​ဝတ်​ပြု​လျက် ကိုယ်​တော်​ပြု​စေ​လို သည့်​အ​တိုင်း​ကြိုး​စား​ပြု​ကျင့်​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​တော်​မူ​၏။


ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။


သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။


ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-


`` `သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​ကို​စောင့် ထိန်း​၍​ထို​နေ့​ကို​ငါ့​အ​တွက်​သီး​သန့်​ထား လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ