အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
ဟေဗြဲ 6:6 - Common Language Bible ထို့နောက်သူတို့သည်ဖောက်ပြန်ကြလေသည်။ သူတို့သည်ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန်တင်၍သတ်လျက် လူတို့ရှေ့ကဲ့ရဲ့ရှုတ်ချသည်ဖြစ်၍ သူတို့အား နောက်တစ်ဖန်အဘယ်သို့မျှနောင်တမရ စေနိုင်။ Garrad Bible ဖောက် ပြန် သူ တို့ မှာ ဘု ရား သ ခင့် သား တော် ကို ကိုယ် တိုင် ကား တင် ပြန် လျက် ထုတ် ပြ လျက် နေ သော ကြောင့် နောင် တ ရ အံ့ သော ငှာ တစ် ဖန် အ သစ် ပြု ပြင် နိုင် ရန် မ ရှိ ချေ။ Judson Bible ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တစ်ဖန် နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ရွေ့လျောဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများဖြစ်ကြသောကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။ |
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
သို့ရာတွင်ကိုယ်တော်သည်အပြစ်ကူးလွန်သူနှင့် မိမိကိုပုန်ကန်သူအပေါင်းတို့အားချေမှုန်းပစ်တော်မူလိမ့်မည်။ မိမိအားစွန့်ပစ်သူမှန်သမျှကိုသုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။-
မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-
ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
မိမိဘာသာတရားကိုစွန့်သူတို့အားနောက် တစ်ဖန်အဘယ်သို့လျှင်နောင်တရစေနိုင်မည် နည်း။ အခါတစ်ပါးကထိုသူတို့သည်ဘုရား သခင်၏အလင်းတွင်ကျင်လည်၍ ကောင်းကင် ဆုကျေးဇူးကိုမြည်းစမ်းရပြီးလျှင် သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူခဲ့ကြဖူးလေပြီ။-
ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုသိရှိလာပြီး နောက် မိမိတို့ခံယူရရှိထားသည့်သန့်ရှင်း မြင့်မြတ်သောအမိန့်ပညတ်ကိုစွန့်လွှတ် လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနေခြင်းကသူတို့အတွက်ပို၍ ကောင်း၏။-
ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-