ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
ဟောရှေ 3:1 - Common Language Bible တစ်ဖန်ထာဝရဘုရားကငါ့အား``သင်သွား ၍လင်ငယ်နှင့်ဖောက်ပြန်နေသောမိန်းမကိုချစ် လော့၊ ဣသရေလပြည်သားတို့သည်အခြား ဘုရားများကိုကိုးကွယ်၍ ရုပ်ပွားဆင်းတုတို့ အားစပျစ်သီးခြောက်များကိုပူဇော်ဆက်သ ကြသော်လည်း၊ ငါသည်သူတို့ကိုချစ်တော်မူ သည်နည်းတူသင်သည်ထိုမိန်းမကိုချစ်ရ မည်'' ဟုမိန့်တော်မူ၏။ Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ အ ခြား ဘု ရား များ သို့ လွှဲ သွား လျက်၊ စ ပျစ် ပြဉ် ဘော ဇဉ် ကို နှစ် သက် သော ဣ သ ရေ လ အ မျိုး သား တို့ အား၊ ငါ ထာ ဝ ရ ဘု ရား မြတ် နိုး သည့် နည်း တူ၊ ပေါင်း သင်း ကြ သူ အ ချစ် ကို ခံ၍၊ မျောက် မ ထား သော ထို မိန်း မ ကို၊ ပြန်၍ ချစ် ဦး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible တစ်ဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့သည် အခြားတစ်ပါးသော ဘုရားတို့ကို ဖူးမျှော်၍၊ စပျစ်သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရားချစ်တော်မူသည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကိုခံလျက် မျောက်မထားသော မိန်းမကို သွား၍ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။ |
ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ ဆုံးပါးပျက်စီးစေတော်မမူပါ။ ကိုယ်တော်သည်သနားကြင်နာ၍ ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။
နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။
``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
သို့ရာတွင် အို ဣသရေလ၊ သင်သည်ဖောက်ပြန် သည့် ဇနီးကဲ့သို့ငါ့အားသစ္စာဖောက်လေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏''
``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။
ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။-
ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
စပျစ်ရည်ကိုဖလားလိုက်သောက်၍အကောင်း ဆုံးဆီမွှေးကိုလိမ်းကာဖြင့်နေကြ၏။ ဣသ ရေလနိုင်ငံယိုယွင်းနေခြင်းကိုမူမကြေ ကွဲဘဲနေရက်ကြပြီတကား။-
ငါမူကားထာဝရဘုရားကိုစောင့်မျှော် နေမည်။ ငါ့ကိုကယ်တင်မည့်ဘုရားသခင် အားယုံကြည်စိတ်ချစွာစောင့်နေမည်။ ငါ ၏ဘုရားသခင်သည်ငါ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူမည်။
ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။ လူတို့သည်လာ၍ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။-
လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။-
သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
ထိုသူအပေါင်းတို့သည်စပျစ်ဥယျာဉ်များ သို့သွားရောက်ကာ စပျစ်သီးများကိုခူး၍ စပျစ်ရည်ပြုလုပ်ပြီးလျှင် ပွဲလမ်းသဘင် တစ်ရပ်ကိုဆင်နွှဲကြ၏။ သူတို့သည်မိမိ တို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စား သောက်ကာအဘိမလက်အားပြက်ရယ် ပြုကြ၏။-