ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ဟောရှေ 10:9 - Common Language Bible ထာဝရဘုရားက``ဣသရေလအမျိုးသား တို့သည်ဂိဗာမြို့တွင်ကူးလွန်လျက်ရှိသော ဒုစရိုက်ကိုဆက်လက်ကူးလွန်လျက်ရှိကြ ၏။ သို့ဖြစ်၍ဂိဗာမြို့တွင်စစ်ဘေးသည်သူ တို့ကိုမီလာလိမ့်မည်။- Garrad Bible အို ဣ သ ရေ လ၊ သင် သည် ဂိ ဗာ မြို့၌ ပြစ် မှား ခဲ့ သည် က စ၍၊ ဒု စ ရိုက် သား အ ဖြစ်၊ ၎င်း မြို့ ၌ စစ် ရှုံး မ ခံ ရ ဘဲ၊ ပြစ် မှား မြဲ ပြစ် မှား လျက် နေ ဝံ့ ငြား သော် လည်း၊ Judson Bible ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ ကြီး၏။ ထိုမြို့၌ ရပ်နေကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။ မြန်မာ့စံမီသမ္မာကျမ်း “အို အစ္စရေး၊ သင်သည် ဂိဗာမြို့တွင်နေစဉ်ကာလ အပြစ်ပြုကြ၏။ အပြစ်ပြုသူတို့သည် ထိုအရပ်၌ ဆက်နေကြ၏။ ဂိဗာမြို့တွင် စစ်ဖြစ်စဉ်က သူတို့ကို မနှိမ်နင်းနိုင်ခဲ့ပေ။ |
ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
အပြစ်ကူးလွန်သောဤသူတို့ကို တိုက်ခိုက် ၍ဆုံးမမည်။ အခြားနိုင်ငံများသည်စုပေါင်း ၍သူတို့ကိုတိုက်ခိုက်သဖြင့် သူတို့သည်မိမိ တို့၏များပြားသောအပြစ်များအတွက် ဒဏ်ခတ်ခြင်းခံကြရတော့မည်။
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
ဂိဗာမြို့သားတို့သည်ကျွန်ုပ်အားရန်ပြုလို၍ အိမ်ကိုဝိုင်းရံထားကြပါသည်။ သူတို့သည် ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော်လည်းကျွန်ုပ် ၏မယားငယ်အားမုဒိန်းကျင့်သဖြင့်သူ သည်သေဆုံးသွားပါ၏။-