သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
သူကြီး 5:9 - Common Language Bible ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ Garrad Bible ငါ့ စိတ် သည် ပြည် သူ ပြည် သား တို့ အ တွင်း အ ပျော် စစ် ထမ်း သော ဗိုလ် ချုပ် တို့ ကို ငဲ့ ကွက် ခြင်း ရှိ ၏။ Judson Bible စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကိုလှူသော ဣသရေလအမျိုး မင်းတို့အားငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကို ချီးမွမ်းကြလော့။ အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ လူတို့နှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ကြသောသူများအတွက် ငါဂုဏ်ယူ၏။ |
သူတို့သည်စေတနာစိတ်နှင့်ထာဝရ ဘုရားအားပေးလှူကြသည်ဖြစ်ရာ မိမိ တို့ဤမျှမြောက်မြားစွာပေးလှူခဲ့ရကြ သည့်အတွက်အားရဝမ်းမြောက်ကြကုန်၏။ ဒါဝိဒ်မင်းသည်လည်းလွန်စွာအားရဝမ်း မြောက်တော်မူ၏။
တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-)
မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။-
သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။
ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။