သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။-
သူကြီး 20:10 - Common Language Bible ဣသရေလလူမျိုး၏ယောကျာ်းဆယ်ပုံတစ် ပုံသည်စစ်တပ်အတွက်ရိက္ခာပို့ရမည်။ ကျန် သူတို့သည်ဂိဗာမြို့သားတို့အား ဣသရေလ လူမျိုးတွင်ကူးလွန်ခဲ့သည့်အဋ္ဌမ္မအမှု အတွက်ဒဏ်ပေးရမည်'' ဟုပြန်ပြောကြ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး တွင် ဗင်္ယာ မိန့် နယ်၊ ဂိ ဗာ မြို့ သား တို့ ယုတ် မာ ခြင်း အ လိုက် ငါ တို့ ဆပ် ပေး ခွင့် ရ ကြ ရန်၊ ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ အ နက် တစ် ရာ လျှင် တစ် ဆယ်၊ တစ် ထောင် လျှင် တစ် ရာ၊ တစ် သောင်း လျှင် တစ် ထောင်၊ စား နပ် ရိ က္ခာ တောင်း ခံ မည့် သူ တို့ ကို ရွေး ချယ် ကြ ကုန် အံ့ ဟု ဆို လျက် Judson Bible ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့်ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှာ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတစ်ရာတွင် တစ်ဆယ်၊ တစ်ထောင်တွင် တစ်ရာ၊ တစ်သောင်းတွင် တစ်ထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။ |
သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။-
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။
သို့ဖြစ်၍ဣသရေလပြည်ရှိလူအပေါင်း တို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန်တစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်စုဝေးကြကုန်၏။
ကျွန်ုပ်သည်သူ၏ရုပ်အလောင်းကိုယူ၍အပိုင်း ပိုင်းဖြတ်ပြီးလျှင် ဣသရေလတစ်ဆယ့်နှစ် မျိုးထံသို့တစ်ပိုင်းစီပေးပို့ခဲ့ပါ၏။ ဤသူ တို့သည်ဣသရေလလူမျိုးတွင်ဆိုးညစ် သောအမှု၊ အဋ္ဌမ္မအမှုကိုပြုကြပါပြီ။-
ငါတို့ပြုမည့်အမှုကားစာရေးတံမဲချ ၍လူအချို့ကိုရွေးချယ်ပြီးလျှင် ဂိဗာ မြို့ကိုတိုက်ခိုက်ကြရန်ပင်တည်း။-
မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။-