ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
သူကြီး 11:36 - Common Language Bible သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။- Garrad Bible သ မီး က၊ အို ဖ ခင်၊ ထို သို့ နှုတ် မြွတ် မိ လျှင် ထာ ဝ ရ ဘု ရား သည် အ မ္မုန် အ မျိုး သား ရန် သူ တို့ အ ပေါ် တွင် လက် စား ချေ ခွင့် ပေး တော် မူ သော ကြောင့် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ နှုတ် မြွတ် သည့် အ တိုင်း ကျွန် မ ကို စီ ရင် ပါ ဟူ၍လည်း ကောင်း၊ Judson Bible သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှာ အပြစ်ပေးတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း သမီးဖြစ်သူက ဖခင်အား “အဖေသည် ထာဝရဘုရားထံ ကတိသစ္စာပြုပြီဖြစ်၍ ကတိထားသည့်အတိုင်း ပြုပါလော့။ အဖေ၏ရန်သူအမ္မုန်အမျိုးသားတို့အား လက်တုံ့ပြန်ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ |
ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
ထိုနောက်ကုရှိအမျိုးသားရောက်ရှိလာ၍ မင်းကြီးအား``အကျွန်ုပ်သည်အရှင်မင်းကြီး အတွက်သတင်းကောင်းကိုယူဆောင်လာပါ သည်။ ယနေ့အရှင်အားထာဝရဘုရား သည်ပုန်ကန်သူအပေါင်းတို့အပေါ်တွင် အောင်ပွဲခံစေတော်မူပါပြီ'' ဟုလျှောက်၏။
မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။
တစ်စုံတစ်ယောက်သောသူသည်ထာဝရ ဘုရားအား တစ်စုံတစ်ခုကိုဆက်သရန် ကတိပြုလျှင်သော်လည်းကောင်း၊ တစ်စုံ တစ်ရာကိုရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော် လည်းကောင်း ထိုသစ္စာကတိကိုမချိုးဖောက် ရ။ ကတိသစ္စာပြုထားသည့်အတိုင်းတစ် သဝေမတိမ်းဆောင်ရွက်ရမည်။
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။-
သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-