ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။-
သုတ္တံကျမ်း။ 31:9 - Common Language Bible စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။ Garrad Bible ဆင်း ရဲ သူ၊ နွမ်း ပါး သူ တို့ အ မှု ကို၊ နှုတ် မြွက်၍ တ ရား သ ဖြင့် စီ ရင် လော့။ Judson Bible စကားပြောလျက်၊ တရားသဖြင့် စီရင်လျက်၊ ဆင်းရဲငတ်မွတ်သော သူတို့၏အမှုကို စောင့်လော့။ မြန်မာ့စံမီသမ္မာကျမ်း သင်၏နှုတ်ကိုဖွင့်လျက် ဖြောင့်မတ်စွာတရားစီရင်လော့။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလော့။ |
ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။-
အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။ ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။
ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။
ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
ဝဝလင်လင်စားသောက်ရ၍ဆူဖြိုးလျက်နေကြ၏။ သူတို့သည်မကောင်းမှုများကိုအတောမသတ်ပြုကျင့်ကြ၏။ မိဘမဲ့သူတို့အားရပိုင်ခွင့်များကိုမပေးကြ။ ညှင်းပန်းနှိပ်စက်ခြင်းခံရသူတို့အားလည်းတရားမျှတမှုကိုမပြုကြ။
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ရှေး အခါ၌ငါသည်မိမိ၏လူမျိုးတော်အား`သင် တို့သည်တရားမျှတစွာပြုကျင့်ကြလျက်၊ တစ်ဦးအပေါ်တစ်ဦးသနားကရုဏာ ထားရကြမည်။-
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။
``ထိုအချိန်ကငါသည်အုပ်ချုပ်သူတို့အား`သင် တို့အမျိုးသားချင်းနှင့်ဆိုင်သောအမှုအခင်း များနှင့် သင်တို့တွင်အတူနေထိုင်သောလူမျိုး ခြားများနှင့်ဆိုင်သည့်အမှုအခင်းများကို ကြားနာ၍ တရားမျှတစွာစီရင်ဆုံးဖြတ် ကြလော့။-
ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာ ရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်'' ဟုမိန့်တော်မူ၏။-
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ယောနသန်သည်ခမည်းတော်ရှောလုထံ ဒါဝိဒ် ၏ဂုဏ်ကိုချီးကူးပြောဆို၏။ ထိုနောက်``အရှင်၊ အရှင့်အစေခံဒါဝိဒ်ကိုပြစ်မှားတော်မမူ ပါနှင့်။ သူသည်အရှင်ကိုအဘယ်အခါက မျှမပြစ်မှားခဲ့ပါ။ သူပြုလေသမျှအမှု များအားဖြင့် အရှင့်အတွက်အထောက်အကူ များစွာဖြစ်စေခဲ့ပါ၏။-
ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊