ထိုသူငယ်များက``အရှင်သည်သူတို့အား`ငါ၏ လက်သန်းသည်ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။-
သုတ္တံကျမ်း။ 28:16 - Common Language Bible ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။ Garrad Bible ဉာဏ် ပ ဋိ ဘာန် မဲ့ သော မင်း သည်၊ ပြင်း ထန် စွာ ညှဉ်း ပန်း တတ်၏။ လော ဘ ကို ရွံ ရှာ သော မင်း မူ ကား၊ အ သက် တာ ရှည် လိမ့် မည်။ Judson Bible ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ်၏။ လောဘကိုမုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုးထွင်းဉာဏ်ကင်းမဲ့သောအုပ်ချုပ်သူမင်းသည် အလွန်ဖိနှိပ်ညှဉ်းပန်းတတ်၏။ မတရားသောအကျိုးစီးပွားကိုရွံမုန်းသောသူသည် အသက်ရှည်လိမ့်မည်။ |
ထိုသူငယ်များက``အရှင်သည်သူတို့အား`ငါ၏ လက်သန်းသည်ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။-
လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ငွေချေးစားသူတို့သည်ငါ၏လူများအား နှိပ်စက်ကြ၏။ ငွေရှင်ကြေးရှင်များကသူတို့ အားလိမ်လည်လှည့်ဖြားကြ၏။ ငါ၏လူတို့၊ သင်တို့၏ခေါင်းဆောင်များသည်သင်တို့အား လမ်းမှားကိုပြလျက်နေသဖြင့် သင်တို့သည် အဘယ်လမ်းသို့လိုက်ရမည်ကိုပင်မသိ နိုင်ကြတော့ပေ။
အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-