သုတ္တံကျမ်း။ 20:20 - Common Language Bible အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။ Garrad Bible အ ကြင် သူ သည်၊ အ ဘ ကို သော်လည်း ကောင်း၊ အ မိ ကို သော်လည်း ကောင်း၊ ဆဲ ဆို အံ့။ ထို သူ၏ မီး ခွက် သည် မှောင် မိုက် အ တိ၌ ငြိမ်း လ တ္တံ့။ Judson Bible အကြင်သူသည် မိဘကိုကျိန်ဆဲ၏။ ထိုသူ၏မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။ |
``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
ဘုရားသခင်က `သင်၏မိဘကိုရိုသေမြတ်နိုး လော့။ မိဘကိုကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုပညတ်တော်မူခဲ့၏။-
ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။
ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။-
`` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။