ထို့ပြင်ဒမာသက်မြို့ရှိအာဗနမြစ်နှင့်ဖာဖာ မြစ်တို့သည် ဣသရေလမြစ်ရှိသမျှထက်ပို၍ ကောင်းသဖြင့် ထိုမြစ်တို့တွင်ရေချိုး၍ရောဂါ ကိုပျောက်ကင်းနိုင်သည်မဟုတ်လော'' ဟုဆို၍ ပြန်လေသည်။
သုတ္တံကျမ်း။ 14:17 - Common Language Bible စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။ Garrad Bible စိတ် တို သော သူ သည်၊ မိုက် မဲ စွာ ပြု လေ့ ရှိ၏။ အ ဆိုး ကြံ စည် သော သူ သည်၊ မုန်း ထား ခြင်း ကို ခံ ရ လိမ့် မည်။ Judson Bible စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတစ်ပါး မုန်းလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း စိတ်တိုသောသူသည် မိုက်မဲသောအမှုကိုပြုတတ်၏။ ကောက်ကျစ်သောဉာဏ်ရှိသောသူသည်လည်း အမုန်းခံရလိမ့်မည်။ |
ထို့ပြင်ဒမာသက်မြို့ရှိအာဗနမြစ်နှင့်ဖာဖာ မြစ်တို့သည် ဣသရေလမြစ်ရှိသမျှထက်ပို၍ ကောင်းသဖြင့် ထိုမြစ်တို့တွင်ရေချိုး၍ရောဂါ ကိုပျောက်ကင်းနိုင်သည်မဟုတ်လော'' ဟုဆို၍ ပြန်လေသည်။
မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။
စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။-
ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-