ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
ဝတ်ပြု 7:14 - Common Language Bible မုန့်တစ်မျိုးစီမှတစ်ခုကျကို ထာဝရဘုရား အားအထူးလှူဖွယ်အဖြစ်ဆက်ကပ်ရမည်။ ထိုဆက်ကပ်သောမုန့်များသည်ယဇ်ကောင်၏ သွေးကို ယဇ်ပလ္လင်ဘေးသို့ပက်ဖျန်းသောယဇ် ပုရောဟိတ်စားသုံးရန်အတွက်ဖြစ်သည်။- Garrad Bible ၎င်း အ လှူ ဒါ န များ အ နက် ထာ ဝ ရ ဘု ရား ထံ မြှောက် ဆက် ရာ အ လှူ အ ဖြစ် ဖြင့် တစ် မျိုး စီ ဆက် ကပ် သော်၊ မိတ် သ ဟာ ယ သ က္ကာ၏ အ သွေး ကို သွန်း ပက် သော ပ ရော ဟိတ် ပိုင် ရာ ဖြစ် ၏။ Judson Bible ပူဇော်သကာရှိသမျှအထဲက မုန့်တစ်လုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သကာပြု၍ ထိုမုန့်ကို မိတ်သဟာယယဇ်အသွေးဖျန်းသော ယဇ်ပုရောဟိတ်ယူရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုပူဇော်သက္ကာမုန့်တစ်မျိုးစီထဲမှ တစ်ခုစီကို ထာဝရဘုရားအဖို့ ချီမြှောက်ရာအလှူပစ္စည်းအဖြစ် ပူဇော်ရမည်။ ထိုမုန့်တို့ကို မိတ်သဟာယယဇ်ကောင်၏သွေးကိုဖျန်းသောယဇ်ပုရောဟိတ်သည် ပိုင်၏။ |
ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
``ဣသရေလအမျိုးသားတို့ကငါ့အား ဆက်သသော အထူးပူဇော်သကာရှိသမျှတို့ ကိုသင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့အားငါပေး၏။ ဤပဋိညာဉ်သည်ငါနှင့်သင် ၏အဆက်အနွယ်တို့ပြုထားသော ထာဝစဉ် တည်မြဲသည့်ပဋိညာဉ်ဖြစ်၏'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
ယုဒအမျိုးသားတို့ကိုကြည့်ရှုဆင်ခြင်ကြ လော့။ သူတို့သည်ယဇ်ကောင်၏အသားကိုစား သဖြင့်ယဇ်ပလ္လင်ပေါ်ပူဇော်ခြင်းတွင်ပါဝင် ကြ၏။-
သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''