ဝတ်ပြု 7:13 - Common Language Bible13 ထိုမုန့်များအပြင် တဆေးထည့်၍ဖုတ် သောမုန့်များကိုလည်းဆက်ကပ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို အ လှူ ဒါ န ပြင် ချီး မွမ်း ရာ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ နှင့် တ ကွ တ ဆေး ပါ သော မုန့် ပေါက် များ ကို ဆက် ကပ် စေ။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုမုန့်ပြားမှတစ်ပါး၊ မိတ်သဟာယပူဇော်သကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထို့ပြင် ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် မိတ်သဟာယယဇ်နှင့်အတူ တဆေးပါသောမုန့်ဝိုင်းကိုလည်း ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့အသိုင်းအဝိုင်းသည်အထက်ပါပူဇော် သကာနှင့်အတူ အနာအဆာကင်းသောတစ် နှစ်သားသိုးကလေးခုနစ်ကောင်၊ နွားထီးတစ် ကောင်နှင့်ဆိတ်နှစ်ကောင်တို့ကိုပူဇော်ရမည်။ ထိုယဇ်ကောင်များကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်သည့်အခါ ဘောဇဉ်ပူဇော်သကာ၊ စပျစ် ရည်ပူဇော်သကာတို့ကိုလည်းပူဇော်ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။