သူသည်အပြစ်ဒဏ်ပြေရာပူဇော်သကာအဖြစ် သိုးထီးတစ်ကောင်ကိုငါစံတော်မူရာတဲတော် တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
ဝတ်ပြု 19:22 - Common Language Bible ယဇ်ပုရောဟိတ်သည်ထိုသိုးကိုယဇ်ပူဇော်၍ သူ့အပြစ်ပြေစေရန်သန့်စင်ခြင်းဝတ်ကို ပြုရမည်။ ထိုအခါဘုရားသခင်သည်သူ ၏အပြစ်ကိုလွှတ်တော်မူ၏။ Garrad Bible ပ ရော ဟိတ် သည် ပြစ် ဒဏ် ပြေ ရာ သ က္ကာ သိုး ဖြင့် မှား မိ သော အ ပြစ် အ ဖို့ ထာ ဝ ရ ဘု ရား ရှေ့ ဖြေ ခြင်း ကို ပြု သည့် အ တိုင်း ချမ်း သာ ရ လိမ့် မည်။ Judson Bible ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှာ၊ ဒုစရိုက်ဖြေရာယဇ်သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ထိုသူကျူးလွန်ခဲ့သောအပြစ်အတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးထီးဖြင့် ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူသည် မိမိကျူးလွန်ခဲ့သည့်အပြစ်မှ အပြစ်လွတ်လိမ့်မည်။ |
သူသည်အပြစ်ဒဏ်ပြေရာပူဇော်သကာအဖြစ် သိုးထီးတစ်ကောင်ကိုငါစံတော်မူရာတဲတော် တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။
ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-