သို့ရာတွင်ယဇ်ပုရောဟိတ်သည်အနာမပြန့် မပွား၊ အနာပေါ်ရှိအမွေးနက်များသည် ပကတိအသွေးအရောင်ရှိ၍ ပျောက်ကင်း သွားပြီဟုထင်မြင်ယူဆလျှင် ထိုသူအား ဘာသာရေးထုံးနည်းအရသန့်ရှင်းသည် ဟူ၍ဆုံးဖြတ်ရမည်။
အ မွေး နက် ပါ၍ ပွေး နာ နေ မြဲ နေ ကြောင်း သိ မြင် သော် ပွေး နာ ကု သ ပြီး ဖြစ်၍ သန့် သည့် အ လျောက် သန့် သည် ဟု ဖော် ပြ ရ မည်။
သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။
ယားနာသည် တန့်နေ၍ ယားနာပေါ်၌ အမွေးမည်းပေါက်နေသည်ဟု ယဇ်ပုရောဟိတ်မြင်လျှင် ထိုသူသည် ယားနာပျောက်ကင်း၍ စင်ကြယ်ပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံစစ်ဆေး ရမည်။ အနာသည်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် အမွေးဝါသည်မဝါသည်ကိုစစ် ဆေးကြည့်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည်မသန့်ရှင်းကြောင်းထင်ရှားနေပြီ ဖြစ်သည်။-
အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏အရေပြားပေါ်တွင်အဖြူကွက် များပေါ်လျှင်၊-