ဝတ်ပြု 13:30 - Common Language Bible30 ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible30 ပ ရော ဟိတ် သည် အ မှတ် လ က္ခ ဏာ ကို ရှု ကြည့် ရာ သိမ် ဖျဉ်း သော အ မွေး ဝါ ပါ လျက် အ ရေ ထက် နက် ကြောင်း ထင် မြင် လျှင် ခေါင်း၊ မေး၌ ပွေး နု နာ ဖြစ် သ ဖြင့် မ သန့် ဟု ဖော် ပြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible30 ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင်၊ ထိုသူမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အနာပေါ်တွင် အမွေးဝါပါးပါးရှိနေလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် ယားနာဖြစ်၏။ ခေါင်း၊ သို့မဟုတ် မေးတို့၌ဖြစ်သော အနာကြီးရောဂါဖြစ်၏။ အခန်းကိုကြည့်ပါ။ |