သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
ရှင်ယောဟန် 11:5 - Common Language Bible သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။- Garrad Bible ယေရှုသည် မာသမှစ၍ညီမနှင့်လာဇရုတို့ကို ချစ်တော်မူသည့်အတိုင်း၊ Judson Bible ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မာသ၊ မာရိနှင့် လာဇရုတို့ကို ချစ်တော်မူ၏။ မြန်မာ ယေရှုသည် မာသကိုလည်းကောင်း၊ သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။- |
သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
သခင်ဘုရားက ``မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။-
ဗေသနိရွာသားလာဇရုဆိုသူသည်ဖျားနာ လျက်ရှိ၏။ ဗေသနိရွာတွင်ညီအစ်မဖြစ်ကြ သောမာရိနှင့်မာသတို့နေထိုင်ကြ၏။-
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။-
လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။-
တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။-
အကျွန်ုပ်အပေါ်၌ကိုယ်တော်ရှင်ထားတော်မူ သောမေတ္တာတော်သည်သူတို့၌ကိန်းအောင်း၍ အကျွန်ုပ်သည်လည်းသူတို့၏စိတ်နှလုံးတွင် ကိန်းအောင်းနိုင်စေရန်ကိုယ်တော်အကြောင်း ကိုသူတို့အားအကျွန်ုပ်ကြားသိစေခဲ့ပါ ပြီ။ ဆက်လက်၍လည်းကြားသိစေပါဦးမည်'' ဟုမြွက်ဆိုတော်မူ၏။