ရှင်ယောဟန် 16:27 - Common Language Bible27 အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 သင်တို့သည်ငါ့ကိုချစ်၍ ခမည်းတော်ထံမှငါထွက်လာကြောင်းကိုယုံကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible27 အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ဘုရားသခင်ထံမှကြွလာသည်ကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 သင်တို့သည် ငါ့ကို ချစ်၍ ငါသည် ဘုရားသခင်ထံမှ လာကြောင်းကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တိုင် သင်တို့ကို ချစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ27 အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည်သူတို့၌လည်းကောင်း၊ ကိုယ်တော် သည်အကျွန်ုပ်၌လည်းကောင်းတည်ရှိသဖြင့် သူ တို့သည်လုံးဝတစ်လုံးတစ်ဝတည်းဖြစ်သော အားဖြင့် ကိုယ်တော်သည်အကျွန်ုပ်အားစေလွှတ် တော်မူကြောင်းနှင့် အကျွန်ုပ်အားချစ်တော်မူ သကဲ့သို့ သူတို့အားလည်းချစ်တော်မူကြောင်း ကိုကမ္ဘာသူကမ္ဘာသားတို့သိရှိကြမည်ဖြစ် ပါ၏။''
သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-