ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
ရှင်ယောဟန် 10:14 - Common Language Bible ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။- Garrad Bible ငါမူကား ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါလည်းခမည်းတော်ကိုသိသည့်နည်းတူပင်၊ ငါ့ကိုကိုယ်ပိုင်သိုးတို့သိ၍ ကိုယ်ပိုင်သိုးတို့ကိုသိသောသိုးထိန်းမြတ်ဖြစ်လျက် သိုးတော်တို့အတွက်အသက်စွန့်၏။ Judson Bible ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည် ခမည်းတော်ကိုသိသကဲ့သို့ ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။ မြန်မာ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- |
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊ မိမိ၏လူမျိုးတော်ဒုက္ခရောက်ချိန်၌ကွယ်ကာ စောင့်ရှောက်တော်မူ၏။ အထံတော်တွင်ခိုလှုံသူတို့အားကြည့်ရှု ပြုစုတော်မူ၏။
``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။-
ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။-
ကိုယ်တော်၏မေတ္တာတော်ကိုအဘယ်အခါ၌ မျှအပြည့်အဝနားလည်နိုင်မည်မဟုတ်သော် လည်း သင်တို့သည်ထိုမေတ္တာတော်ကိုသိရှိနား လည်လာကြသဖြင့် ဘုရားသခင်ပြည့်စုံသည် နှင့်အမျှပြည့်စုံစေတော်မူရန်ဆုတောင်းပတ္ထ နာပြု၏။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
ငါသည်သင်ပြုသောအမှုကိုသိ၏။ သင်မေတ္တာ ထားပုံနှင့်သစ္စာစောင့်ပုံတို့ကိုလည်းကောင်း၊ အမှုတော်ဆောင်ပုံနှင့်တည်ကြည်ပုံကို လည်းကောင်းငါသိ၏။ ထို့ပြင်နောက်ပိုင်း အချိန်သင်ပြုသည့်အမှုများသည် စော စောပိုင်းအချိန်ပြုသည့်အမှုများထက် သာလွန်ကောင်းမွန်ပေသည်။-
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။-
သင်ပြုသည့်အမှုကိုငါသိ၏။ သင်သည် ခွန်အားစွမ်းရည်အနည်းငယ်သာရှိသော် လည်း ငါ့သြဝါဒကိုလိုက်နာကာငါ၏ သစ္စာကိုစောင့်ခဲ့ကြောင်းငါသိ၏။ သင်၏ ရှေ့၌တံခါးကိုငါဖွင့်ထားပြီ။ ထိုတံခါး ကိုအဘယ်သူမျှမပိတ်နိုင်ရာ။-