လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
ရှင်မာကု 3:33 - Common Language Bible ကိုယ်တော်က ``ငါ့အမိ၊ ငါ့ညီများကားအဘယ် သူများနည်း'' ဟုပြန်၍မိန့်တော်မူ၏။- Garrad Bible ငါ့ အ မိ ငါ့ ညီ တို့ ကား မည် သူ နည်း ဟု မေး တော် မူ လျက်၊ Judson Bible ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မည်သူသည် ငါ့အမိနှင့်ငါ့ညီများဖြစ်သနည်း”ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့မိခင်သည် မည်သူနည်း။ ငါ့ညီများသည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ မြန်မာ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊- |
လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
လူပရိသတ်တို့သည်ကိုယ်တော်ကိုခြံရံလျက် ထိုင်နေကြ၏။ သူတို့က ``ကိုယ်တော်ရှင်၏မယ်တော်၊ ညီတော်များနှင့်ညီမများအိမ်အပြင်တွင်ရောက် ရှိနေကြပါသည်။ ကိုယ်တော်ရှင်ကိုရှာလျက်နေ ကြပါသည်'' ဟုလျှောက်ကြ၏။
ထိုနောက်မိမိပတ်လည်တွင်ထိုင်နေသူများကို ကြည့်တော်မူလျက် ``ငါ့အမိ၊ ငါ့ညီများကား ဤသူတို့တည်း။-
ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။-
သခင်ယေရှုက ``မယ်တော်၊ အဘယ်အမှုပြု ရမည်ကိုအကျွန်ုပ်အားမပြောပါနှင့်။ အကျွန်ုပ် လုပ်ဆောင်ရန်အချိန်မကျသေးပါ'' ဟုမိန့်တော် မူ၏။
သို့ဖြစ်၍ငါတို့သည်ယခုမှစ၍အဘယ်သူ ကိုမျှလူတို့စံနှုန်းအရအကဲမဖြတ်ကြ တော့ပေ။ ယခင်အခါကခရစ်တော်အားလူ တို့စံနှုန်းအရ ငါတို့အကဲဖြတ်ခဲ့ကြသော် လည်းယခုအခါ၌ထိုသို့မပြုတော့ပြီ။-
သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။