သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
ရှင်မာကု 10:29 - Common Language Bible သခင်ယေရှုက ``အမှန်အကန်ငါဆိုသည်ကား ငါ့အတွက်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် လည်းကောင်း၊ အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးကိုစွန့်သောသူသည်၊- Garrad Bible ယေ ရှု က ငါ့ အ တွက် နှင့် သ တင်း တော် မြတ် အ တွက် ကြောင့် ညီ အစ် ကို၊ မောင် နှ မ၊ မိ ဘ၊ သား သ မီး၊ အိမ်၊ မြေ များ ကို စွန့် ခဲ့ လျှင်၊ Judson Bible ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“သင်တို့အား ငါအမှန်ဆိုမည်။ မည်သူမဆို ငါ့အတွက်နှင့် ကောင်းမြတ်သောသတင်းအတွက် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်လျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် ငါ့အတွက်သော်လည်းကောင်း၊ သတင်းကောင်းအတွက်သော်လည်းကောင်း မိမိအိမ်၊ မြေ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင် သားသမီးများကို စွန့်လွှတ်လျှင် မြန်မာ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။- |
သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။-
ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
ကိုယ်တော်က ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကားဘုရားသခင်၏နိုင်ငံတော်အတွက် မိမိ၏အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ် ကိုဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေစွန့် သောသူသည်၊-
သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
သင်သည်ခံနိုင်ရည်ရှိပေသည်။ ငါ၏အတွက် များစွာဆင်းရဲခံပေသည်။ စိတ်အားလည်း မလျော့။-