ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
ရောမ 16:2 - Common Language Bible သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင် အချင်းချင်းအားလက်ခံသင့်သည်အတိုင်းသခင် ဘုရားကိုထောက်၍သူ့အားလက်ခံကြလော့။ အကူအညီလိုအပ်သည့်အမှုကိစ္စ၌သူ့အား ကူညီမစကြလော့။ သူသည်လူအမြောက်အမြား ကိုကူညီမစခဲ့သူဖြစ်ပေသည်။ ငါ့ကိုလည်း ကူညီမစခဲ့၏။ Garrad Bible တ ပည့် တော် တို့ နှင့် ထိုက် လျော သည့် အ လျောက်၊ အ ရှင် ဘု ရား ကို ထောက်၍ လက် ခံ ပြီး လျှင်၊ လို အပ် သ မျှ အ တိုင်း ပြု စု ကြ လော့။ သူ သည် အ များ တို့ မှ စ သော ငါ့ ကို ပင် ပြု စု ခဲ့ လေ ပြီ။ Judson Bible သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း၊ မစသောသူဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသူများပြုသင့်သည့်အတိုင်း သခင်ဘုရား၌ သူ့ကိုလက်ခံ၍ သင်တို့ထံမှ သူလိုအပ်သမျှသောအရာကို ကူညီဆောင်ရွက်ပေးကြလော့။ အမှန်စင်စစ် သူသည် ငါကိုယ်တိုင်မှစ၍ များစွာသောသူတို့ကို ကူညီခဲ့သူဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်သူတို့ပြုအပ်သည့်အတိုင်း သခင်ဘုရားကိုထောက်၍ သူ့ကို ကြိုဆိုကြလော့။ သူလိုအပ်သမျှကို ကူညီကြလော့။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာနှင့် ကျွန်ုပ်ကိုလည်း ကူညီခဲ့သူဖြစ်၏။ |
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
ယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။-
ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။-
ထို့ကြောင့်ခရစ်တော်သည် သင်တို့ကိုလက်ခံ သကဲ့သို့ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန် သင်တို့သည်လည်းအချင်း ချင်းတစ်ယောက်ကိုတစ်ယောက်လက်ခံကြလော့။-
ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမသြလုမ္ပမှ စ၍သူတို့နှင့်ပေါင်းဖော်သောဘုရားသခင်၏ လူစုတော်ဝင်အပေါင်းတို့ကိုနှုတ်ဆက်လိုက်သည်။
ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
ခရစ်တော်၏အမှုတော်ကိုဆောင်ရွက်ရာတွင်ငါ၏ လုပ်ဖော်ဆောင်ဘက်ဖြစ်သူဥရဗန်နှင့်ငါ၏ရင်းနှီး သောမိတ်ဆွေ သတာခုကိုနှုတ်ဆက်ကြလော့။-
သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
သင်တို့သည်သူ့အားခရစ်ယာန်ညီအစ်ကိုတစ်ဦး အနေဖြင့်ဝမ်းမြောက်စွာကြိုဆိုကြလော့။ ထိုသို့ သောသူတို့ကိုရိုသေလေးစားကြလော့။-
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
သူတို့သည်ဘုရားဝတ်၌မွေ့လျော်သူများ ပြုသင့်သည့်အတိုင်း ကောင်းမြတ်သောအကျင့် များဖြင့်မိမိတို့ကိုယ်ကိုတန်ဆာဆင်ကြ ရ၏။-
ဧဖက်မြို့တွင်သူသည်ငါ့အားအဘယ်မျှ ပြုစုသည်ကိုသင်ကောင်းစွာသိ၏။ တရား စီရင်တော်မူရာနေ့ရက်ကာလ၌သခင် ဘုရားသည်သူ့အားကရုဏာတော်ကို ခံစားခွင့်ပေးသနားတော်မူပါစေသော။
ထိုနည်းတူစွာအသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတို့သည်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်ရန်သွန်သင်လော့။ သူ တို့သည်သူတစ်ပါး၏အသရေကိုဖျက်သူ များ၊ အရက်၏ကျွန်များမဖြစ်စေရ။ အကောင်း ကိုသင်ကြားပေးတတ်သူများဖြစ်ရကြမည်။-
သို့ဖြစ်၍သင်သည်ငါ့အားမိမိ၏လုပ်ဖော် ဆောင်ဘက်အနေဖြင့် ကြိုဆိုလက်ခံသကဲ့ သို့သူ့အားကြိုဆိုလက်ခံပါလော့။-
ထိုတရားတော်ကိုမသွန်သင်သောသူသည် သင်တို့ထံသို့ရောက်ရှိလာသောအခါ သင် တို့အိမ်တွင်လက်မခံကြနှင့်။ သူ့အားနှုတ် ခွန်းပင်မဆက်ကြနှင့်။-