သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
ယေရမိ 50:1 - Common Language Bible ထာဝရဘုရားသည်ဗာဗုလုန်မြို့နှင့် ထို ပြည်သူပြည်သားတို့ကိုရည်မှတ်၍ငါ့ အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊ Garrad Bible ခါ လ ဒဲ ပြည် နှင့် ဗာ ဗု လုန် မြို့ ကို ရည် လျက်၊ ပ ရော ဖက် ယေ ရ မိ ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ သော ဗျာ ဒိတ် တော် ကား၊ Judson Bible ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကိုရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသော စကားဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲပြည်၊ ဘေဘီလုံမြို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၏။ |
သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
(တုရုမြို့ကို တောတိရစ္ဆာန်များခိုအောင်းရာ ဖြစ်စေသူတို့မှာ အာရှုရိအမျိုးသားများ မဟုတ်၊ ဗာဗုလုန်အမျိုးသားများသာဖြစ် ၏။ သူတို့သည်ခံတပ်မြို့စင်မြင့်များကို တည်ဆောက်ပြီးလျှင်၊ ခံတပ်တို့ကိုဖြိုချ ကာတုရုမြို့ကိုဖျက်ဆီး၍ထားခဲ့ကြ၏။)
ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
ယုဒဘုရင်ယောယကိမ်နန်းစံသုံးနှစ်မြောက်၌ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သို့ချီတက်ဝိုင်းရံထား၏။-
ထိုအခါအာဗြဟံသည်ခါလဒဲပြည်မှ ထွက်ခွာ၍ ခါရန်မြို့သို့သွားရောက်နေထိုင်၏။ သူ၏ဖခင်သေလွန်သောအခါသူ့အား ထို မြို့မှယခုသင်တို့နေထိုင်ရာပြည်သို့ဘုရား သခင်ပြောင်းရွှေ့စေတော်မူ၏။-
အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။
ထိုနောက်ဒုတိယကောင်းကင်တမန်ပေါ်လာ ပြီးလျှင်၊ ``ဗာဗုလုန်မြို့ကြီးပြိုပျက်လေပြီ၊ ပြိုပျက်လေပြီ။ ထိုမြို့သည်ကာမဂုဏ်လိုက် စားမှုတည်းဟူသောစပျစ်ရည်ကိုလူမျိုး တကာတို့အားတိုက်လေပြီ'' ဟုကြွေးကြော်၏။