``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
ယေရမိ 38:2 - Common Language Bible ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။- မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမိန့်တော်မူသည်မှာ “ဤမြို့တွင် နေထိုင်သောသူတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ ခါလဒဲလူမျိုးတို့ဘက်သို့ လိုက်သွားသောသူတို့မူကား သူတို့၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရလိမ့်မည်။ |
``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
``ယုဒဘုရင်ဇေဒကိ၊ သူ၏အခြွေအရံ မှူးမတ်များနှင့် ဤပြည်တွင်ကျန်ရစ်ခဲ့သူ သို့မဟုတ်အီဂျစ်ပြည်သို့ပြောင်းရွှေ့သွား သူ၊ ယေရုရှလင်မြို့သားတို့ကိုမူကား ငါ ထာဝရဘုရားသည်စား၍မရနိုင်လောက် အောင်ပုပ်နေသည့်သင်္ဘောသဖန်းသီးများ ကဲ့သို့ရှုမှတ်မည်။-
သို့သော်အကြင်လူမျိုးသည်ဗာဗုလုန်ဘုရင် ၏ထမ်းပိုးအောက်တွင် အညံ့ခံ၍သူ၏အစေ ကိုခံ၏။ ထိုလူမျိုးအားငါသည်မိမိတို့တိုင်း ပြည်တွင် ထွန်ယက်လုပ်ကိုင်နေထိုင်ခွင့်ကိုပေး တော်မူမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော် မူ၏။
အရှင်နှင့်အရှင်၏အမျိုးသားတို့သည် အဘယ် ကြောင့်စစ်ပွဲတွင်ကျဆုံး၍ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သို့မဟုတ်အနာရောဂါဘေးသင့်၍ သေရကြပါမည်နည်း။ ဗာဗုလုန်၏အစေကို မခံသည့်လူမျိုးသည် ဤနည်းအတိုင်းဖြစ်ရ လိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူပါပြီ။-
ဒါဝိဒ်၏ရာဇပလ္လင်တွင်ထိုင်သည့်ဘုရင်အား လည်းကောင်း၊ သင်တို့နှင့်အတူသုံ့ပန်းများ အဖြစ်အဖမ်းမခံခဲ့ရသောသင်တို့၏ ဆွေမျိုးညာတိများဖြစ်သူ ဤမြို့မှမြို့သူ မြို့သားတို့အားလည်းကောင်းရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။-
ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-
ငါသည်သင့်ကိုဘေးမဲ့လုံခြုံစွာထားမည် ဖြစ်သဖြင့် သင်သည်အသတ်ခံရလိမ့်မည် မဟုတ်။ သင်သည်ငါ့ကိုယုံကြည်ကိုးစား သောကြောင့်အသက်ချမ်းသာရာရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏' ဟုမိန့်တော်မူကြောင်းဆင့် ဆိုလော့'' ဟုမှာကြားတော်မူ၏။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားသူမှန်သမျှသည်စစ်ဘေး၊ သို့မ ဟုတ်ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ သူတို့တစ်ဦးတစ်ယောက်မျှအသက်မသေ ဘဲကျန်ရှိလိမ့်မည်မဟုတ်။ သူတို့တစ်ဦး တစ်ယောက်မျှငါသက်ရောက်စေမည့်ဘေး အန္တရာယ်ဆိုးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်' ဟုမိန့်တော်မူ၏။
ထို့ကြောင့်သင်တို့သည်စစ်ဘေး၊ သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ်အနာ ရောဂါဘေးသင့်၍မိမိတို့သွားရောက်နေထိုင် လိုသောပြည်တွင်သေရကြလိမ့်မည်'' ဟု ပြန်ကြားပြောဆို၏။
ငါသည်ယေရုရှလင်မြို့အားအပြစ်ဒဏ် ခတ်သကဲ့သို့အီဂျစ်ပြည်တွင်နေထိုင်သူ တို့ကိုလည်းစစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့် အပြစ်ဒဏ်ခတ်မည်။-
သင်သည်မိမိအတွက်အထူးအခွင့်အရေး ကိုစောင့်မျှော်နေသလော။ မစောင့်မျှော်နှင့်။ ငါ သည်လူခပ်သိမ်းတို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သို့သော်လည်းသင် သည်ရောက်လေရာရာအရပ်တွင်အသက်မ သေဘဲ ထိုဘေးအန္တရာယ်မှလွတ်မြောက်လိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလေသည်။
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
အရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။-
လမ်းများပေါ်မှာတိုက်ခိုက်မှုများရှိ၏။ အိမ် များ၌အနာရောဂါနှင့်ငတ်မွတ်ခြင်းရှိ၏။ ကျေးတောတွင်ရှိနေသူတို့သည်ဋ္ဌားဘေးဖြင့် သေဆုံးရလျက်မြို့တွင်းရှိနေသူတို့မူကား အနာရောဂါဘေး၊ ငတ်မွတ်ခြင်းဘေးဖြင့် သေရကြလိမ့်မည်။-