သို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။
ယေရမိ 13:23 - Common Language Bible လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။- Garrad Bible က ပ္ပ လီ သည်၊ ကိုယ့် အ သား အ ရေ ကိုလည်း ကောင်း၊ ကျား သစ် သည် ကိုယ့် အ ပြောက် အ ကွက် များ ကို လည်း ကောင်း၊ ပြောင်း နိုင် သ လော။ ပြောင်း နိုင် လျှင်၊ အ ဆိုး ၌ ထိုး ထွင်း သော သင် တို့ သည်၊ အ ကောင်း ကို ပြု ကောင်း ပြု လိမ့် မည်။ Judson Bible အဲသယောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အီသီယိုးပီးယားလူသည် မိမိအသားအရေကိုလည်းကောင်း၊ ကျားသစ်သည် အကွက်အကျားဖြစ်နေသည်ကိုလည်းကောင်း ပြောင်းလဲပစ်နိုင်သလော။ ပြောင်းလဲနိုင်မည်ဆိုလျှင် ဆိုးညစ်သောအမှုကိုပြုမြဲပြုတတ်သောသင်တို့သည် ကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်။ |
သို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။
သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
အကယ်၍သင်တို့သည်ဆပ်ပြာနှင့်အစွန်းချွတ် ဆေး အမြောက်အမြားကိုအသုံးပြုမည်ဆိုသော်လည်း၊ သင်တို့၏အပြစ်သည်ငါ၏ရှေ့၌ ထင်ရှားလျက်ပင်ရှိမည်။
``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။ သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။ အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
ဤအကြောင်းကိုရှောလုကြားသောအခါ စေတမန်များကိုထပ်မံ၍လွှတ်လိုက်ပြန်၏။ သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။ ရှောလု သည်တတိယအကြိမ်စေတမန်များကို လွှတ်လိုက်သောအခါ၌လည်း ဤနည်း အတိုင်းပင်ဖြစ်ပျက်ပြန်လေသည်။-