မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
ယေဇကျေလ 9:9 - Common Language Bible ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ပြည် တော် ကို စွန့် ပစ် လျက်၊ အာ ရုံ ပြု တော် မ မူ ဟု ဆို တတ် သော ဣ သ ရေ လ နှင့် ယု ဒ အ မျိုး သား တို့ ဒု စ ရိုက် ကြီး လေး လှ၍ ပြည် တော် သည် သွေး သွန်း မှု၊ မြို့ တော် လည်း တ ရား လွဲ မှု များ နှင့် ပြည့် လျှံ သည် တ ကား။ Judson Bible ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အပြစ်သည် အလွန်တရာကြီး၏၊ တစ်ပြည်လုံးသည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က၊ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။ |
မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
သူတို့က``ထာဝရဘုရားသည်ငါတို့ကို မြင်တော်မမူ။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရှုမြင်တော်မမူ'' ဟုဆိုကြ၏။
``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။-
မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
``သင်သည်မကောင်းမှုကိုပြုလျက်၊မိမိကိုယ်ကို ဟုတ်လှပြီ။ မိမိကိုအဘယ်သူမျှမမြင်ဟုထင်မှတ်ဘိ၏။ သင်၏ဉာဏ်ပညာနှင့်အသိပညာတို့ကသင့်အား လမ်းလွဲစေလေပြီ။ သင်သည်မိမိကိုယ်ကို`ငါသည်ဘုရားဖြစ်၏ ငါ့လိုလူဇမ္ဗူတွင်မရှိ' ဟုဆိုပါသည်တကား။
ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။ သူသည်မြောက်များစွာသောအပြစ်တို့ကို ကူးခဲ့သည်ဖြစ်၍ ထာဝရဘုရားသည်သူ့အားဆင်းရဲဒုက္ခ ရောက်စေတော်မူ၏။ သူ၏သားသမီးများသည်သုံ့ပန်းများ ဖြစ်ရကြလေပြီ။
``ပြည်တွင်း၌လူသတ်မှုများဖြင့်လည်း ကောင်း၊ မြို့များ၌အကြမ်းဖက်မှုများဖြင့် လည်းကောင်းပြည့်နှက်လျက်ရှိသဖြင့် နေရာ တကာတွင်ဗရုတ်သုတ်ခဖြစ်၍နေ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
တရားဥပဒေသည်ပျော့ညံ့၍အသုံးမဝင်သဖြင့် အဘယ်အခါ၌တရားသဖြင့်စီရင်ဆုံးဖြတ်မှုမပြုနိုင်ကြပါ။ သူယုတ်မာတို့သည်သူတော်ကောင်းများကိုအနိုင်ရကြသည်ဖြစ်၍ တရားစီရင်မှုသည်အမှောက်မှောက်အမှားမှားဖြစ်လျက်ရှိပါတော့၏။
``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။