ဆာလံ 94:7 - Common Language Bible7 သူတို့က``ထာဝရဘုရားသည်ငါတို့ကို မြင်တော်မမူ။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရှုမြင်တော်မမူ'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ယာ ကုပ်၏ ဘု ရား သ ခင် အ မှု မ ထား ဟု ဆို ကြ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible7 သို့ရာတွင်၊ ထာဝရဘုရားသည်မမြင်၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် မမှတ်တတ်ဟု ဆိုကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 “ထာဝရဘုရားက မမြင်၊ ယာကုပ်၏ဘုရားသခင်က မသိ”ဟု ဆိုကြပါ၏။ အခန်းကိုကြည့်ပါ။ |
မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-