ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့အထဲတွင် ဗျာဒိတ်စကား များကိုလုပ်ကြံဟောပြောကြသူအမျိုး သမီးတို့ကိုကြည့်လော့။ သူတို့အားရှုတ် ချလော့။-
ယေဇကျေလ 6:2 - Common Language Bible ကိုယ်တော်ကငါ့အား``အချင်းလူသား၊ သင်သည် ဣသရေလတောင်များကိုကြည့်၍ သူတို့အား ငါ၏အမိန့်တော်ကိုဆင့်ဆိုလော့။- Garrad Bible အ ချင်း လူ့ သား ဣ သ ရေ လ တောင် များ သို့ မျက် နှာ မူ၍ ဟော ပြော ဆင့် ဆို လျက်၊ Judson Bible အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အစ္စရေးတောင်တန်းဘက်သို့မျက်နှာမူလျက် |
ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့အထဲတွင် ဗျာဒိတ်စကား များကိုလုပ်ကြံဟောပြောကြသူအမျိုး သမီးတို့ကိုကြည့်လော့။ သူတို့အားရှုတ် ချလော့။-
ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီး လှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကို နောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။
ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-
သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။
ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
ထိုအခါဣသရေလတောင်များသည်လူ သူဆိတ်ငြိမ်ရာ၊ သင်တိုက်ခိုက်လုယူရာ အရပ်များဖြစ်သည်ဟုသင်ကဲ့ရဲ့ပြော ဆိုသည့်စကားများကို ငါထာဝရ ဘုရားကြားတော်မူကြောင်းကိုသင်သိရှိ ရလိမ့်မည်။-
ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။-
``ယေရုရှလင်မြို့အားဝိုင်းရံထားသည် ကိုစူးစိုက်၍ကြည့်လော့။ သင်သည်မိမိလက် သီးကိုပြလျက်ထိုမြို့အားဆန့်ကျင်၍ ဟောပြောလော့။-
ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-